The Boat ရုပ်ရှင်ဇာတ်ကားကြီး ကန်တော့ပေးပွဲ ကျင်းပ

ရိုမန့်ဒရာမာဇာတ်လမ်းပုံစံ “The Boat” ရုပ်ရှင်ဇာတ်ကားကြီး ကန်တော့ပွဲပေး အခမ်းအနားကို ယနေ့ ဇန်နဝါရီ ၁၂ ရက် နံနက် ၈ နာရီက ရန်ကုန်မြို့ မဟာဝိဇယစေတီတော်မှာ ကျင်းပခဲ့ပါတယ်။

JP & SUN Production စီစဉ်ရိုက်ကူးမယ့် ဇာတ်လမ်း အေးချမ်းမောင် ၊ ဇာတ်ညွှန်း မိုးဟိန်းဂျွန်း တို့က ရေးသားပြီး ဒါရိုက်တာဒါရိုက်တာ John Peter JP က သရုပ်ဆောင် အေးချမ်းမောင် ၊ မေမြင့်မိုရ် ၊ နေ့သစ်အေးအောင် ၊ ရောဘတ်ထွန်း ၊ မေဟန်နီ စတဲ့ သူတွေနဲ့ ရိုက်ကူးမှာဖြစ်ပါတယ်။

“The Boat” ရုပ်ရှင်ဇာတ်ကားကြီးကို လာမယ့် ဇန်နဝါရီ ၁၆ ရက်နေ့မှာ ရိုက်ကူးရေးစတင်ပြီး အင်းလေးဒေသဘက်မှာ ရိုက်ကူးပုံဖော်ကာ လာမယ့်နှစ်ဆောင်းရာသီမှာ ပြသဖို့ ရည်ရွယ်ထားတယ်လို့ သိရှိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post လားရှိုး-နမ္မတူလမ်းရှိ နားကွမ်းရွာတံတားကို အကြမ်းဖက်များ ဖောက်ခွဲဖျက်ဆီး
Next post PDF အဖွဲ့က မိသားစုဝင်(၃)ဦးကိုသတ်ဖြတ်ပြီးနောက် ယင်းရုပ်အလောင်းများသယ်လာသည့် နိဗ္ဗာန်ယာဥ်ကိုပါ မိုင်းခွဲတိုက်ခိုက်ခဲ့