လားရှိုး-နမ္မတူလမ်းရှိ နားကွမ်းရွာတံတားကို အကြမ်းဖက်များ ဖောက်ခွဲဖျက်ဆီး

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုး-နမ္မတူလမ်း နားကွမ်းရွာတံတား အကြမ်းဖက် TNLA များ၏ မိုင်းဖောက်ခွဲခံရပြီး တံတား ကျိုးကျဖျက်ဆီးသွားကြောင်း ဒေသခံပြည်သူများထံမှ သိရှိရပါတယ်။

ဇန်နဝါရီလ ၁၁ ရက်နေ့ ညပိုင်းက အကြမ်းဖက် TNLA နှင့် PDF အင်အား (၂၀)ခန့် တံတား မိုင်းခွဲဖျက်ဆီးခြင်းကြောင့် ကျိုးကျသွားခြင်းဖြစ်ပြီး အဓိကအားဖြင့် ယင်းလမ်းကို စစ်ဘေးရှောင်များက အသုံးပြုကြကြောင်း သိရှိရသည်။

လတ်တလော လားရှိုးမြို့ကို အကြမ်းဖက်မြောက်ပိုင်းမဟာမိတ်(၃)ဖွဲ့ က တိုက်ခိုက်မည်ဆိုသော သတင်းများထွက်ပေါ်နေပြီး လားရှိုးမြို့မှ ပြည်သူများ စိုးရိမ်ထိတ်လန့်အောင် တံတား‌ဖောက်ခွဲခြင်း ပြုလုပ်ခြင်းဖြစ်ကြောင်း သိရှိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post ဆောင်းရာသီမှာ အနွေးဓာတ်လေးရစေလို၍ အနွေးထည် ၃၀၀ လှူခဲ့တဲ့ ကိုသာဂိ
Next post The Boat ရုပ်ရှင်ဇာတ်ကားကြီး ကန်တော့ပေးပွဲ ကျင်းပ