ပန်းချီဆရာ မြင့်ဝေ၏ တစ်ကိုယ်တော် စိတ်ခံစားချက် ပန်းချီပြပွဲ မော်လမြိုင်တွင် ကျင်းပ

မွန်ပြည်နယ် မော်လမြိုင်မြို့တွင် တစ်ကိုယ်တော် စိတ်ခံစားချက် ပန်းချီပြပွဲကို မင်းကြီးလမ်း အထက (၁) အနီး သံလွင် ဥယျာဉ်ဝင်းအတွင်းရှိ ဒေါက်တာလှဘေ ပညာပါရမီ စာကြည့်တိုက်၌ ဇန်နဝါရီလ (၁၀) ရက်နေ့မှ (၁၆)ရက်နေ့ထိ ကျင်းပ မည်ဟု သိရသည်။

ထိုပန်းချီပြပွဲတွင် မော်လမြိုင်မြို့မှ ပန်းချီဆရာ မြင့်ဝေ၏ လက်ရာပန်းချီကားများဖြစ်သော ခဲပန်းချီ၊ မှင်ပန်းချီ၊ ရေဆေးပန်းချီ၊ Pastel ပန်းချီ၊ Acrylic ပန်းချီ စသည့် ပန်းချီကားပေါင်း (၆၈)ကားကို ပြသထားကြောင်း သိရသည်။ ပန်းချီဆရာ မြင့်ဝေ၏ ပထမဆုံးအကြိမ် စိတ်ခံစားချက် တစ်ကိုယ်တော် ပန်းချီပြပွဲ ကျင်းပခြင်းမှာ မျိုးဆက်သစ် ပန်းချီဝါသနာပါသူ လူငယ်၊ လူရွယ်များ အနေဖြင့် မိမိ၏ စိတ်ခံစားချက်များကို ပန်းချီရေးဆွဲခြင်းဖြင့် စိတ်ဝင်စားလာနိုင်ရန်ဖြစ်ကြောင်း ဦးဆောင် ကျင်းပသူ ပန်းချီဆရာ ကိုမြင့်ဝေက ပြောကြားခဲ့သည်။

ပြပွဲတွင် ပန်းချီဆရာက မိမိစိတ်တွင် ဖြစ်ပေါ်လာသည့် ခံစားချက်များကို အိမ်မက်ဆန်ဆန် ရေးဆွဲထားပြီး ပန်းချီကား ဈေးနှုန်းမှာ အနိမ့်ဆုံး ကျပ်ငါးသောင်းမှ အများဆုံး ကျပ်သုံးသိန်းအထိ ရှိကြောင်းသိရသည်။ နေ့စဉ် နံနက် (၁၀) နာရီမှ ညနေ (၅) နာရီအထိ ပြသသွားမည်ဖြစ်သည်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post “မနုဿတဒုလ္လဘ”ဇာတ်လမ်းတွဲမှာ တစ်ခါမှ သရုပ်မဆောင် ဖူးတဲ့ ဆိုးသွမ်းပြီး ခပ်ကြမ်းကြမ်းကာရိုက်တာနဲ့ ပရိသတ် မြင်တွေ့ရမှာပါဆိုတဲ့ စစ်နိုင်
Next post နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် အာဆီယံ ဥက္ကဋ္ဌ ၏ အထူးကိုယ်စားလှယ်အား တွေ့ဆုံ