တပ်မတော်ကာကွယ်ရေးဦးစီးချုပ် နှင့် နိုင်ငံရေးပါတီများ တွေ့ဆုံမည်

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် နိုင်ငံရေးပါတီ(၄၀)ကျော်တို့သည် မကြာခင်အချိန်ပိုင်း အတွင်း တွေ့ဆုံဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။အဆိုပါတွေ့ဆုံပွဲကို ယနေ့(ဇန်နဝါရီလ ၅ ရက်) နေ့လည် ၁ နာရီ အချိန်ခန့်တွင် နေပြည်တော်၌ ပြုလုပ်သွားမည်ဖြစ်ကြောင်း နိုင်ငံရေးပါတီများထံမှ သိရသည်။

ယမန်နေ့တွင် နေပြည်တော်၌ ကျင်းပသည့် (၇၆)နှစ်မြောက်လွတ်လပ်ရေးနေ့အခမ်းအနားသို့ မှတ်ပုံတင်ခွင့်ပြုချက် ရရှိပြီး သော နိုင်ငံရေးပါတီ (၄၀)ကျော် တက်ရောက်ခဲ့ကြောင်း သိရသည်။ အဲ့ဒီ ညစာစားပွဲမှာ နိုင်ငံရေးပါတီများနှင့်တွေ့ဆုံမည်လို့ ဖိတ်ခေါ်လိုက်တယ်လို့ သိရှိရပါတယ်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှစ၍ တပ်မတော်က နိုင်ငံတော်အာဏာရယူခဲ့ပြီးနောက်ပိုင်းတွင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် နိုင်ငံရေးပါတီများအကြား တွေ့ဆုံမှုသည် ပထမဆုံးအကြိမ်အဖြစ် မှတ်တမ်းဝင်မည် ဖြစ်သည်။ လက်ရှိတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေအရ ပါတီတည်ထောင်ခွင့်ပြန်လည်လျှောက်ထားသော ပါတီပေါင်း (၆၅)ခုအနက် (၄၇)ပါတီကို မှတ်ပုံတင်ခွင့်ပြုပေးထားကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post နန်နင်းမြို့၊ မြန်မာကောင်စစ်ဝန်ချုပ်ရုံး၌ (၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့ အလံလွှင့်တင်အခမ်းအနား ကျင်းပ
Next post မော်လမြိုင်မြို့ ကမ်းနားလမ်းမှာရှိတဲ့ ငွေမိုးဟိုတယ်မှာ ကျင်းပနေသော စိန်ဧကရီ နှစ်သစ်ကူးအထူးစျေးရောင်းပွဲ တော်ကြီး ကျင်းပ