အမေရိကားမှာ ကျောင်းတက်နေတဲ့ သမီးလေး ကျောင်းပြီးတဲ့ အထိ စီးပွားရေးကို ပိုအာရုံစိုက်လုပ်ဖြစ်နေတဲ့ မေကဗျာ

မင်္ဂလာပါ DBN ပရိသတ်ကြီးရေ အနုပညာနယ်ပယ်မှာ ဆယ်ခုနှစ်တစ်ခုကြာ ရပ်တည်ခဲ့ပြီး ဒီနေ့ အချိန်ထိ အောင်မြင်နေဆဲ ဖြစ်တဲ့ သရုပ်ဆောင် မေကဗျာကတော့ လက်ရှိမှာ အနုပညာ အလုပ်တွေကို ရပ်နားထားပြီး အဝတ်အစားဆိုင်ခွဲတွေဖွင့်ပြီး live sale ပါရောင်းချပေးနေသူ ဖြစ်ပါတယ်။

မေကဗျာကတော့ သူမရဲ့ချစ်စရာကောင်းတဲ့ တစ်ဦးတည်းသောသမီးလေး ဂင်္ဂါမေနဲ့အတူ ဘဝကို အေးအေးချမ်းချမ်း ဖြတ်သန်းနေတာ ဖြစ်ပါတယ်။ အခုဆိုရင် မေကဗျာ သမီးဖြစ်သူက အမေရိကားမှာ ကျောင်းသွားတက်နေတာ ဖြစ်ပါတယ်။

အမေရိကားမှာ ကျောင်းတက်ဖို့အတွက် ၄ နှစ်တက်ရမဲ့ကျောင်းကို ကုန်ကျစရိတ်သက်သာအောင်စာ ကြိုးစားပီး ဝင်ဖြေတာ ခုတော့ ၃ နှစ်နဲ့ကျောင်းပြီးအောင် တက်ခွင့်ရခဲ့တဲ့သမီးလေးကြောင့် ဝမ်းသာပျော်ရွှင်နေတဲ့ အကြောင်း နဲ့ “သမီး ကျောင်းပညာရေးနဲ့ မိသားစု စားဝတ်နေရေးအတွက် live sale များရောင်းပြီး စိတ်အားထက်သန်စွာ စီးပွားရေးကို တစိုက်မတ်မတ် လုပ်ကိုင်နေသူလည်း ဖြစ်ပါတယ်။ သမီးကျောင်းပြီးရင်တော့ စီးပွားရေး သိပ်မလုပ်တော့ဘူး”လို့ အင်တာဗျူးတစ်ခုမှာ ဖြေကြားထားတာ ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post ဂစ်ရဲ့EPL စံချိန်ကို မီသွားတဲ့ အခုချိန်ထိ မမောပန်းနိုင်သေးသူ ဂျိမ်းစ်မီလ်နာ
Next post မြောက်ဒဂုံ (၄၈) ရပ်ကွက် အောင်ဆန်းသူရိယလှသောင်းလမ်း တွင် ခွေးဂေဟာတစ်ခု မီးလောင်မှုဖြစ်ပွား