ဂစ်ရဲ့EPL စံချိန်ကို မီသွားတဲ့ အခုချိန်ထိ မမောပန်းနိုင်သေးသူ ဂျိမ်းစ်မီလ်နာ

ဝက်စ်ဟမ်းနဲ့ပွဲမှာ ဘရိုက်တန်အတွက် မိနစ် ၉၀ ပြည့်ကစားသွားတဲ့ ဂျိမ်းစ်မီလ်နာဟာ မန်ယူဂန္ထဝင် ရွိုင်းယန်ဂစ် ရဲ့ပရီးမီးယားလိဂ်စံချိန်တစ်ခုကို လိုက်မီသွားပါတယ်။

အဲဒီပွဲဟာ သူ့ကစားသမားဘ၀ ပရီးမီးယားလိဂ် ၆၃၂ ပွဲမြောက်လည်း ဖြစ်ခဲ့တာပါ။ အဲဒါကြောင့်လည်း ပရီးမီးယားလိဂ် သမိုင်းတစ်လျှောက် ဒုတိယပွဲအများဆုံးဖြစ်တဲ့ ရွိုင်ယန်ဂစ်ရဲ့စံချိန်ကို လိုက်မီခဲ့ပါတယ်။ ပရီးမီးယားလိဂ်သမိုင်းတစ်လျှောက် ပွဲအများဆုံးအဖြစ် ၆၅၃ ပွဲနဲ့ စံချိန်တင်ထားတာကတော့ အဲဗာတန်ကြယ်ပွင့်ဟောင်း ဂါရတ်ဘယ်ရီပါ။

၃၇ နှစ်အရွယ် မီလ်နာဟာ ၂၀၀၂ ကတည်းက ပရီးမီးယားလိဂ်မှာ စတင်ကစားလာတာဖြစ်ပြီး အင်္ဂလန်အမြင့်ဆုံးလိဂ်မှာ ၂၃ နှစ်တိုင် ကစားလာတာ ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post မြဝတီမြို့၊ အမှတ်(၄)ရပ်ကွက်၊ သမာဓိလမ်းတွင် နေအိမ် မီးလောင်
Next post အမေရိကားမှာ ကျောင်းတက်နေတဲ့ သမီးလေး ကျောင်းပြီးတဲ့ အထိ စီးပွားရေးကို ပိုအာရုံစိုက်လုပ်ဖြစ်နေတဲ့ မေကဗျာ