နမ့်ခမ်းမြို့ရှိ အာဇာနည်ကျောက်တိုင်ကို TNLA ဖျက်ဆီး

နမ့်ခမ်းမြို့ရှိ အာဇာနည်သမိုင်းဝင်ကျောက်တိုင်ကို TNLA က ယနေ့ (ဒီဇင်ဖျဘာ ၂၁)ရက်တွင် ဖျက်ဆီးလိုက်ကြောင်း မြို့နေ ပြည်သူများ ထံမှ စုံစမ်းသိရသည်။

“TNLA ကလာဖျက်ဆီးသွားတာ။တိုက်ပွဲက ငြိမ်နေတာတော့ ၃ ရက်လောက်ရှိပြီ။မနက်ပိုင်ဈေး ပြီးသွားရင်တော့ လူသွား လူလာ သိပ်မရှိတော့ဘူး။သွားသွားလာလာတော့ အရမ်းသတိထားရတယ်။”ဟု နမ့်ခမ်းဒေသခံ အမျိူးသားတစ်ဦးက ပြောသည်။ ထို အာဇာနည်ကျောက်တိုင်သည် ဗိုလ်ချုပ်အောင်ဆန်းတို့နှင့် တိုက်ရိုက်ပတ်သက်ခဲ့သည့် သမိုင်းဝင်ကျောက်တိုင် တစ်ခုဖြစ်ပြီး လွတ်လပ်ရေးရပြီးနောက်ပိုင်းတွင် ကျောင်တိုက်ကို တည်ဆောက်ခဲ့ကြောင်းသိရသည်။

၁၀၂၇ စစ်ဆင်ရေး ခေါင်းစဉ်တပ် ချေမှုန်းရေးပြုလုပ်နေသော ညီနောင်မဟာမိတ်၃ ဖွဲ့တို့ကို သမိုင်းဝင်နေရာများ နှင့် လူမျိုးရေးပဋိပက္ခ အသွင်ပြောင်းသွားမည်ကိုစိုးရိမ်နေကြကြောင်း နမ့်ခမ်းမြို့ရှိပြည်သူဒေသခံများကပြောသည်။ မူဆယ်မြို့ မှ လားရှိုးမြို့သို့သွားသောလမ်းတကြောရှိ မန်တုံ နှင့် နမ္မတူလမ်းကြားတွင် TNLA တပ်သားများ က ကားဆရာများ၊ ကုန်ကားများထံ အခွန် (ဆက်ကြေး) များကို ယခင်ထက်ပို၍တိုးကောက်နေသောကြောင့် ကားသမားအခက်အခဲ ကြံတွေ့နေရကြောင်းသိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post စူပါလိဂ်တည်ထောင်ဖို့ ဥရောပတရားမျှတမှုဆိုင်ရာခုံရုံးမှ ခွင့်ပြုမိန့်ပေး
Next post မုဒုံမြို့ ၊ မြို့မ (၁)ရပ်ကွက် သင်္ဘောဦးရပ်တွင် လူနေအိမ် (၄) လုံး မီးလောင်မှုဖြစ်ပွား