
စူပါလိဂ်တည်ထောင်ဖို့ ဥရောပတရားမျှတမှုဆိုင်ရာခုံရုံးမှ ခွင့်ပြုမိန့်ပေး

ဒီဇင်ဘာလ ၂၂ ရက်
ဥရောပထိပ်တန်းကလပ်အသင်းတွေစုပေါင်းကာ တည်ထောင်ဖို့ ကြိုးပမ်းခဲ့ဖူးတဲ့ စူပါလိဂ်ကို ဥရောပတရားမျှတမှုဆိုင်ရာခုံရုံးက တည်ထောင်ခွင့်ပြုတဲ့ ခွင့်ပြုမိန့်တစ်ရပ်ကို ထုတ်ပြန်လိုက်ပါတယ်။
ဒီလိုတည်ထောင်မှုမှာ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(ဖီဖာ)၊ ဥရောပဘောလုံးအဖွဲ့ချုပ်(ယူအီးအက်ဖ်အေ)တို့က တားမြစ်ပိတ်ပင်ပိုင်ခွင့်မရှိဘူးလို့ တရားရုံးရဲ့အမိန့်မှာ ဖော်ပြထားပါတယ်။
စူပါလိဂ်တည်ထောင်ဖို့ ခွင့်ပြုမိန့်ပေး ပြီးတဲ့နောက် လိဂ်မှာ ပါဝင်မယ်၊ မပါဝင်ဘူး ဆိုတဲ့ အသင်းများရဲ့ တရားဝင် ထုတ်ပြန်ချက်တွေလည်း တပြိုင်နက် ဆိုသလို ပေါ်ထွက်လာခဲ့ပါတယ်။

လက်ရှိမှာတော့ နာပိုလီအသင်းဟာ စူပါလိဂ်မှာပါဝင်ဖို သဘောတူလိုက်တဲ့ ပထမဆုံးကလပ်ဖြစ်လာခဲ့ပြီး မန်ချက်စတာယူနိုက်တက်စ် အနေနဲ့ကတော့ မပါဝင်ဘူးလို့ ထုတ်ပြန်ထားကြောင်း ကနဦး သိရပါတယ်။

နောက်ထပ်ရော ဘယ်အသင်းတွေက ပါဝင်လာနိုင်ပြီး ဘယ်အသင်းတွေက မပါဝင်ဘူးလဲဆိုတာ ကို စောင့်ကြည့်ရတော့မှာ ဖြစ်ပါတယ်။