ရန်ကုန်-မန္တလေး အမြန်လမ်း မိုင်တိုင် ၃၂၄ အနီး ယာဉ်တိုက်မှုဖြစ်ပြီး လူ၁၀ဦး ထိခိုက်ဒဏ်ရာရ

ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ် (၃၂၄/၅)တွင် ဒီဇင်ဘာ ၂၁ ရက်နံနက် ၇နာရီ ၃၀ မိနစ်ခန့်က  ယာဉ်တိုက်မှုတစ်ခုဖြစ်ပွားခဲ့ပြီး ထိခိုက်ဒဏ်ရာ ရရှိသူ ၁၀ဦးရှိကြောင်း မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ထံက သိရသည်။ယာဉ်တိုက်မှုဖြစ်စဉ်တွင် မိုင်တိုင်အမှတ် (၃၂၄/၅)အနီး မောင်းနှင်လျက်ရှိသည့် Hijet ယာဉ်အား လာရားတူနောက်မှ မောင်းနှင်းလာသော Nissan Caravan ယာဉ်မှ ဝင်ရောက်တိုက်မိမှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယာဉ်တိုက်မှုဖြစ်ကြောင်း သတင်းရရှိသဖြင့် ပြင်စည်အမြန်လမ်းမီးသတ်စခန်းမှ မီးသတ်ယာဉ် (၁)စီး၊ သန္ဓေမီးသတ် တပ်ဖွဲ့ဝင်များဖြင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ သွားရောက်ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။ အဆိုပါဖြစ်စဉ်ကြောင့် Hijet ယာဉ်ပေါ်ပါလာသည့် အမျိုးသား(၁)ဦးနှင့် အမျိုးသမီး(၉)ဦး စုစုပေါင်း(၁၀)ဦး တို့ထိခိုက်ဒဏ်ရာရရှိခဲ့သော်လည်း Nissan Caravan ယာဉ်ပေါ်ပါ လာသည့်အမျိုးသား(၂)ဦး မှာထိခိုက်ဒဏ်ရာရရှိမှုမရှိခဲ့ကြောင်း သိရသည်။ထိခိုက်ဒဏ်ရာ ရသူများကို ပြင်စည် 192 သူနာတင်ယာဉ်ဖြင့် နွားထိုးကြီးဆေးရုံသို့ ကူညီပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post ‘လိုင်လီ’ စိန်တိုက်ပိုင်ရှင်နဲ့ ကြော်ငြာဓာတ်ပုံ ရိုက်ကူးခဲ့သော သရုပ်ဆောင် အေးချမ်းမောင်
Next post စူပါလိဂ်တည်ထောင်ဖို့ ဥရောပတရားမျှတမှုဆိုင်ရာခုံရုံးမှ ခွင့်ပြုမိန့်ပေး