၂၀၂၃ ခုနှစ် မြန်မာ့ရုပ်ရှင်ထူးချွန်ဆု ချီးမြှင့်ပွဲ အခမ်းအနား အတွက် အကယ်ဒမီဆုဗန်းကိုင် စတင်ခေါ်ယူ

နေပြည်တော်မှာ ကျင်းပမယ့် ၂၀၂၃ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆု ချီးမြှင့်ပွဲ အခမ်းအနားမှာ အကယ်ဒမီဆုဗန်းကိုင်ဖို့ ရွှေကြို မောင်မယ်လျှောက်လွှာတွေ စတင်ခေါ်ယူနေပြီ ဖြစ်ပါတယ်။

အဆိုပါ ရွှေကြိုအကယ်ဒမီဆုဗန်းကိုင် လျှောက်လွှာတင်လိုသူတွေအနေနဲ့ ဒီဇင်ဘာ ၁ ရက်နေ့က စတင်ပြီး ရန်ကုန်မြို့ ဗဟန်းမြို့နယ်၊ အမှတ်(၁၆)၊ ဝင်္ကဘာလမ်းရှိ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး (ဗဟို)မှာ လျှောက်လွှာထုတ်ယူနိုင်မှာ ဖြစ်ပြီး ဒီဇင်ဘာ ၁၅ ရက် ညနေ ၄ နာရီ မတိုင်ခင် နောက်ဆုံးထား တင်ရမှာဖြစ်ပါတယ်။

အကယ်ဒမီ ဗန်းကိုင် လျှောက်လိုသူတွေအနေနဲ့ အိမ်ထောင်မရှိသူ အပျို/လူပျို ဖြစ်ရမှာဖြစ်ပြီး အမျိုးသမီး အနေနဲ့ အရပ်အမြင့်မှာ (ဖိနပ်မပါ) ၅ပေ ၂ လက်မ ကနေ ၅ ပေ ၈ လက်မ အတွင်း ဖြစ်ရမှာဖြစ်ပါတယ်။ အမျိုးသားအနေ နဲ့ အရပ်အမြင့်မှာ (ဖိနပ်မပါ) ၅ ပေ ၆ လက်မ ကနေ ၆ ပေအထိ ဖြစ်ရမှာဖြစ်ပါတယ်။ အဆိုပါ ရွေးချယ်ခံရတဲ့ ရွှေကြိုမောင်မယ်တွေအတွက် ရှေ့ဆက်မယ့် အနုပညာလုပ်ငန်း အစီအစဉ်တွေလည်း ရှိတယ်လို့ သိရပါတယ်။

ရွှေကြိုမောင်မယ်တွေကို ယခင်နှစ်များလို အကဲဖြတ်ဒိုင်တွေအနေနဲ့ ရန်အောင် ၊ ရဲအောင် ၊ စိုးမြတ်သူဇာ ၊ မေသန်းနု စတဲ့ အနုပညာရှင်တွေနဲ့ စိစစ်ရွေးချယ်မှုတွေကို လုပ်ဆောင်သွားမယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post ကျောက်ဆည်မြို့တွင် ငွေကျပ်သိန်းပေါင်း ၁၄၀၀ ကျော် တန်ဖိုးရှိ ထိန်းချုပ်ဓာတုပစ္စည်းများအား မြေမြှုပ်ဖျက်ဆီး
Next post (၇) ကြိမ်မြောက် ကမ္ဘာ့ဗိုဗီနမ် ပြိုင်ပွဲတွင် မြန်မာကစားသမား နှင်းသက်ဝေ ရွှေတံဆိပ်(၁)ခု ထပ်မံဆွတ်ခူးရရှိ