(၇) ကြိမ်မြောက် ကမ္ဘာ့ဗိုဗီနမ် ပြိုင်ပွဲတွင် မြန်မာကစားသမား နှင်းသက်ဝေ ရွှေတံဆိပ်(၁)ခု ထပ်မံဆွတ်ခူးရရှိ

၂၀၂၃ ခုနှစ် နိုဝင်ဘာလ (၂၅)ရက်နေ့မှ(၃၀)ရက်နေ့အထိ ဗီယက်နမ်နိုင်ငံတွင်ကျင်းပပြုလုပ်လျက်ရှိသည့် 7th World Vovinam Championships ပြိုင်ပွဲတွင် မြန်မာဗိုဗီနမ်အသင်းဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ (၅၁) ကီလိုတန်းအတိုက်ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သူ နှင်းသက်ဝေသည် ရွှေတံဆိပ်(၁)ခု ထပ်မံဆွတ်ခူး ရရှိ ခဲ့သည်ဟု သိရသည်။

(၃၀.၁၁.၂၀၂၃)ရက်နေ့ ပြိုင်ပွဲများအပြီးတွင် မြန်မာအသင်းအနေဖြင့် ရွှေတံဆိပ်(၂)ခု၊ ငွေတံဆိပ်(၃)ခု၊ ကြေးတံဆိပ်(၉)ခု၊ စုစုပေါင်းဆုတံဆိပ် (၁၄)ခု ဆွတ်ခူးရရှိခဲ့ကြောင်းသိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post ၂၀၂၃ ခုနှစ် မြန်မာ့ရုပ်ရှင်ထူးချွန်ဆု ချီးမြှင့်ပွဲ အခမ်းအနား အတွက် အကယ်ဒမီဆုဗန်းကိုင် စတင်ခေါ်ယူ
Next post YG Zoo သို့ သွားရောက်လည်ပတ်ခဲ့သော MGM 2024 အလှမယ်များ