
လေဖိအားနည်းရပ်ဝန်း ဒီဇင်ဘာ ၂ ရက်နေ့တွင် ဆိုင်ကလုန်း မုန်တိုင်းအဖြစ်သို့ ရောက်နိုင်
ဘင်္ဂလား ပင်လယ်အော် အရှေ့တောင်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ကပ္ပလီပင်လယ်ပြင် တောင်ပိုင်းတို့တွင် ဖြစ်ပေါ်နေသော အားကောင်းသော လေဖိအားနည်းရပ်ဝန်းသည် ဆက်လက် တည် ရှိနေကြောင်း မိုး/ဇလမှ ထုတ်ပြန်ချက် အရ သိရသည်။
အဆိုပါ အားကောင်းသော လေဖိအားနည်းရပ်ဝန်းသည် အနောက်-အနောက်မြောက်ဘက်သို့ ရွေ့လျားနိုင်ပြီး၊ (၃၀.၁၁.၂၀၂၃) ရက်နေ့တွင် ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်း၌ မုန်တိုင်းငယ်အဖြစ်သို့ ရောက်ရှိ နိုင်ပါသည်။ ထိုမှတစ်ဆင့် အနောက်မြောက်ဘက်သို့ ရွေ့လျားနိုင်ကာ (၂.၁၂.၂၀၂၃)ရက်နေ့တွင် ဘင်္ဂလားပင်လယ်အော် အနောက်တောင်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းတို့၌ ဆိုင်ကလုန်းမုန်တိုင်း အဖြစ်သို့ ရောက်ရှိနိုင်သည်ဟု ခန့်မှန်းရပါသည်။
ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်းတွင် တိမ်အသင့်အတင့် ဖြစ်ထွန်းနေပြီး၊ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလား ပင်လယ်အော်တို့တွင် တိမ်ထူထပ်နေပါသည်။
More Stories
ဘင်းမ်စတက်ထိပ်သီးအစည်းအဝေး တက်ရောက်ခဲ့သော နစကဥက္ကဋ္ဌနှင့်အဖွဲ့ဝင်အားလုံးနေပြည်တော်သို့ ပြန်လည်ရောက်ရှိ
ထိုင်းနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပသည့် ဘင်းမ်စတက်ထိပ်သီးအစည်းအဝေးသို့ တက်ရောက်ခဲ့သော နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ယမန်နေ့ ည ၁၀ နာရီတွင် နေပြည်တော်သို့ ပြန်လည်ရောက်ရှိခဲ့ကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့မှ ထုတ်ပြန်ထားသည်။ နစကဥက္ကဋ္ဌ ဦးဆောင်သည့် မြန်မာအဆင့်မြင့်...
နစကဥက္ကဋ္ဌနှင့် တွေ့ဆုံကာ မြန်မာ-အိန္ဒိယ နှစ်နိုင်ငံဆက်ဆံရေးနှင့် အခြားကဏ္ဍများ ဆွေးနွေးခဲ့ကြောင်း အိန္ဒိယဝန်ကြီးချုပ် ပြောကြား
နစကဥက္ကဋ္ဌနှင့် BIMSTEC အစည်းအဝေးတွင် တွေ့ဆုံကာ မြန်မာ-အိန္ဒိယ နှစ်နိုင်ငံဆက်ဆံရေး၊ ပေါင်းစည်းချိတ်ဆက်မှု၊ စွမ်းဆောင်ရည်မြှင့်တင်ရေး၊ အခြေခံအဆောက်အအုံ ဖွံ့ဖြိုးတိုးတက်ရေးနှင့် အခြားကဏ္ဍများ ဆွေးနွေးခဲ့ကြောင်း အိန္ဒိယဝန်ကြီးချုပ်က ယနေ့ထုတ်ပြန် ပြောကြားလိုက်သည်။ အိန္ဒိယဝန်ကြီးချုပ် မိုဒီက “ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ကျင်းပသည့်...
ဆဋ္ဌမအကြိမ်မြောက် ဘင်းမ်စတက် ထိပ်သီးအစည်းအဝေး စတင်
အိန္ဒိယ၊ မြန်မာ၊ ထိုင်းနှင့် အခြား နိုင်ငံ့ခေါင်းဆောင်များပါဝင်ဆွေးနွေးမည့် ဆဋ္ဌမအကြိမ်မြောက် ဘင်းမ်စတက်ထိပ်သီးအစည်းအဝေး စတင်နေပြီဖြစ်ကြောင်း သိရသည်။ အစည်းအဝေးမစတင်မီ မြန်မာ့ငလျင်ဘေးကြောင့် အသက်ဆုံးရှုံးခဲ့ရသော ထိုင်းနှင့် မြန်မာ နှစ်နိုင်ငံ ပြည်သူများအတွက် ဝမ်းနည်းဆုတောင်းမှုအဖြစ် တစ်မိနစ် ငြိမ်သက်မှုလည်း ပြုခဲ့သည်။...
ဘင်းမ်စတက်၏ အလှည့်ကျဥက္ကဋ္ဌဖြစ်သော ထိုင်းနိုင်ငံဝန်ကြီးချုပ်နှင့် နစကဥက္ကဋ္ဌတို့ ယနေ့ တွေ့ဆုံဆွေးနွေး
ထိုင်းနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် ဆဋ္ဌမအကြိမ်မြောက် ဘင်းမ်စတက် အစည်းအဝေးသို့ တက်ရောက်ရန်ရောက်ရှိနေသော နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဘင်းမ်စတက်၏ အလှည့်ကျဥက္ကဋ္ဌဖြစ်သော ထိုင်းနိုင်ငံဝန်ကြီးချုပ် ပေတုံတန် ရှင်နာဝပ်ထရာတို့ ယနေ့နံနက်ပိုင်းတွင် တွေ့ဆုံဆွေးနွေးနေကြောင်း သိရသည်။ ဆဋ္ဌမအကြိမ်မြောက်...
ငလျင်ဒဏ်ကြောင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများမှအတွေ့အကြုံများအား ပြန်လည်မျှဝေပေးစေလိုဟုနီပေါဝန်ကြီးချုပ်အား နစကဥက္ကဋ္ဌပြော
ငလျင်ဒဏ်ကြောင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများတွင်အတွေ့အကြုံရှိပြီးဖြစ်သည့် နီပေါနိုင်ငံအနေဖြင့် ယင်း အတွေ့အကြုံများကိုပြန်လည်မျှဝေပေးစေလိုသည်ဟု နစကဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ နီပေါနိုင်ငံဝန်ကြီးချုပ် Rt. Hon. Mr. K P Sharma Oli နှင့်တွေ့ဆုံစဥ် ပြောကြားခဲ့ခြင်းဖြစ်သည်။ BIMSTEC အစည်းအဝေးတက်ရောက်ရန်...
နစကဥက္ကဋ္ဌ ဆဋ္ဌမအကြိမ်မြောက် BIMSTEC ထိပ်သီးအစည်းအဝေးသို့ တက်ရောက်ရန် ထိုင်းနိုင်ငံသို့ သွားရောက်မည်
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ဆဋ္ဌမအကြိမ်မြောက် BIMSTEC ထိပ်သီးအစည်းအဝေးသို့ တက်ရောက်ရန်အတွက် ဧပြီ ၃ ရက်တွင် ထိုင်းနိုင်ငံသို့ သွားရောက်မည်ဖြစ်ပြီး ဧပြီလ ၃ ရက်နေ့နှင့် ၄ ရက်နေ့တို့တွင် အစည်းအဝေး တက်ရောက်သွားမည်ဖြစ်သည်။...