ဗုဒ္ဓဟူးနေ့တွင် အစ္စရေးနိုင်ငံသို့ သွားရောက်ပြီးနောက် ဂျော်ဒန်သို့ ခရီးဆက်မည့် သမ္မတ ဂျိုးဘိုင်ဒန်

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်သည် ဗုဒ္ဓဟူးနေ့တွင် အစ္စရေးနိုင်ငံသို့ သွားရောက်မည်ဖြစ်ပြီး ယင်းနောက် ဂျော်ဒန်နိုင်ငံသို့ ဆက်လက်သွားရောက်မည်ဖြစ်ကြောင်း အိမ်ဖြူတော်သတင်းပြန်ကြားရေး ကာရင်း ဂျင်း-ပီယားက ပြောကြားခဲ့သည်။

ဟားမတ်စ် ပါလက်စတိုင်း အဖွဲ့၏ မကြာသေးမီက တိုက်ခိုက်မှု အပြီးတွင် “အစ္စရေး အတွက် ၎င်း၏ တည်ကြည်သော ထောက်ခံမှုကို ပြသလိုသည်” ဟု ဘိုင်ဒင်က ပြောကြားခဲ့ပြီးနောက် အစ္စရေးနှင့်လည်း ဆွေးနွေး တိုင်ပင်ခဲ့ကြောင်း ဂျင်း-ပီယားက သတင်းထုတ်ပြန်ခဲ့သည်။

“သမ္မတဘိုင်ဒင်ဟာ ဂျော်ဒန် ဘုရင် အဗ္ဗဒူလာ၊ အီဂျစ်သမ္မတ ဆီဆီ၊ နဲ့ ပါလက်စတိုင်းအာဏာပိုင်သမ္မတ မာမွတ်အဘ်ဘက်စ် တို့နဲ့ တွေ့ဆုံဖို့ ဂျော်ဒန်နိုင်ငံ Amman မြို့ကို သွားရောက်မှာဖြစ်ပါတယ်” လို့ အိမ်ဖြူတော် သတင်းထုတ်ပြန်ချက်တွင် ဖော်ပြ ထားပါသည်။ ဂါဇာရှိ အရပ်သားများ၏ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ လိုအပ်ချက်များကို ဆွေးနွေးမည်ဖြစ်ကြောင်း ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။ 

Leave a Reply

Your email address will not be published. Required fields are marked *

Previous post လက်ရွေးစင်ကစားသမားဘဝတစ်လျှောက် ၈၅၉ ဂိုးရသွားတဲ့ ရော်နယ်ဒိုက သွင်းဂိုး ၁၀၀၀ စံချိန်ရှင် ဖြစ်လာမလား
Next post ဒို့တာဝန်အရေးသုံးပါးနှင့်ပါတီစုံဒီမိုကရေစီစနစ်လျှောက်လှမ်းမှုကို ထိခိုက်မှုမရှိပါက တွေ့ဆုံဆွေးနွေးမှုများကို ဆောင်ရွက် သွားမည်ဟု နစက ဥက္ကဋ္ဌပြော