လက်ရွေးစင်ကစားသမားဘဝတစ်လျှောက် ၈၅၉ ဂိုးရသွားတဲ့ ရော်နယ်ဒိုက သွင်းဂိုး ၁၀၀၀ စံချိန်ရှင် ဖြစ်လာမလား
ပေါ်တူဂီအသင်းခေါင်းဆောင် စီရော်နယ်ဒိုဟာ ယနေ့မနက်က ယှဉ်ပြိုင်ကစားခဲ့သော ပေါ်တူဂီနှင့်ဘော့စနီးယားပွဲမှာ ပေါ်တူဂီက ဘော့စနီးယားအသင်းကို ငါးဂိုးပြတ်နှင့် အနိုင်ရရှိခဲ့သော ပွဲမှာ ဘော့စနီးယားကို ၂ ဂိုးသွင်းပြီးနောက် သူ့ရဲ့ကစားသမားဘဝသွင်းဂိုးက ၈၅၉ ဂိုးထိရှိလာပါတယ်။ ၃၈ နှစ်အရွယ် ရော်နယ်ဒိုဟာ ကစားသမားဘဝက အနားမယူခင် သွင်းဂိုး ၁၀၀၀ စံချိန်ရှင်ဖြစ်ဖို့ အခွင့်ရှိနေပါတယ်။
ရော်နယ်ဒိုဟာ ကြံခိုင်မှုအရ ဘောလုံးဆက်ကစားသွားဦးမှာဖြစ်တာကြောင့် ဒီစံချိန်က မဝေးလှပါဘူး။ သူဟာ ကလပ် ကစားသမားဘဝမှာ ၇၃၂ ဂိုး၊ နိုင်ငံအတွက် ၁၂၇ ဂိုးသွင်းထားပါတယ်။ ရော်နယ်ဒိုဟာ သွင်းဂိုး ၁၀၀၀ ပြည့်ဖို့က ၁၄၁ ဂိုး လိုအပ်နေပါတယ်။ သူဟာ အယ်လ်နာဆာအသင်းနဲ့ ၃၁ ဂိုးသွင်းထားပါတယ်။
သွင်းဂိုး ၈၅၉ ဂိုးစာရင်း မှာ စပို့တင်း ၅ ဂိုး၊ မန်ယူ ၁၁၈ ဂိုး ၊ ရီးယဲလ်မက်ဒရစ် ၄၅၀ ဂိုး ၊ ဂျုဗင်တပ်စ် ၁၀၁ ဂိုး ၊ မန်ယူ ၂၇ ဂိုး ၊ အယ်လ်နာဆာ ၃၁ ဂိုး နှင့် ပေါ်တူဂီ ၁၂၇ ဂိုး စုစုပေါင်း ၈၅၉ ဂိုး သွင်းယူထားသော ကစားသမား ဖြစ်ပါတယ်။