အီရတ်နိုင်ငံအနေနဲ့ ဂါဇာသို့ ထောက်ပံ့ရေးပစ္စည်းများ ပေးပို့ ရန် အသင့်ရှိကြောင်း ဘာသာရေးခေါင်းဆောင် ပြောကြား

အီရတ်နိုင်ငံဟာ ဂါဇာသို့ ထောက်ပံ့ရေးပစ္စည်းများ ပေးပို့ရန် အသင့်ရှိကြောင်း ဘာသာရေးခေါင်းဆောင်က ပြောကြားခဲ့ပါတယ်။

ဩဇာကြီးမားတဲ့ အီရတ်ရှီးယိုက် ဘာသာရေးခေါင်းဆောင်နှင့် နိုင်ငံရေးခေါင်းဆောင်ဖြစ်သူ Muqtada al-Sadr က နာဂျဖ်မြို့မှာ ဒီကနေ့ပြောကြားခဲ့တဲ့ မိန့်ခွန်းမှာ “အာရပ်အားလုံး အထူးသဖြင့် အီဂျစ်လူမျိုးများအနေနဲ့ ၎င်းတို့ရဲ့ နယ်နိမိတ်များကို ဖွင့်ကာ ဂါဇာတွင် ချမှတ်ထားသော လူမဆန်စွာ ဝိုင်းရံပိတ်ဆိုခြင်းကို ချိုးဖျက်ပြီး အရပ်သားများထံ ရေနှင့် အစားအစာများ ပေးပိုထောက်ပံ့ပေးဖိုတိုက်တွန်းပြောဆိုခဲ့ပါတယ်။

အီရတ်နိုင်ငံအနေနဲ့ ထောက်ပံ့ရေးပစ္စည်းများ ပေးပို့ရန် အသင့်ရှိနေသော်လည်း မည်သို့လုပ်ဆောင်မည်ကို မသိရသေးဘူးလို့ ၎င်းကဆက်လက်ပြောကြားခဲ့ပါတယ်။ မကြာသေးမီနှစ်များအတွင်း အစ္စရေးနှင့် ပုံမှန်ဆက်ဆံရေးရှိခဲ့တဲ့အာရပ်နိုင်ငံများကို ရည်ညွှန်းကာ အခုကိစ္စအပေါ် တုံပြန်မှုတစ်စုံတစ်ရာမပြသဘဲ နှုတ်ဆိတ်နေတဲ့အာရပ်နိုင်ငံတွေကို ပြစ်တင်ပြောဆိုခဲ့တယ်လို့ AP သတင်းမှာဖော်ပြထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post Jawan နဲ့ Pathaan ဇာတ်ကားတွေ အောင်မြင်ပြီးနောက် အသက်အန္တရာယ်ခြိမ်းခြောက်စာလက်ခံရရှိခဲ့တဲ့ ရှရွတ်ခန်း
Next post ဒုတိယဗိုလ်ချုပ်ကြီး(ဟောင်း)မိုးမြင့်ထွန်းနှင့် ဗိုလ်မှူးချုပ် (ဟောင်း)ရန်နောင်စိုးတို့ကို စစ်တရားရုံးက နှစ်(၂၀) နှင့်ညီမျှသည့် တစ်သက်တစ်ကျွန်း ပြစ်ဒဏ်များချမှတ်