အိမ်ရှင် ၆ နိုင်ငံအထိ ဖြစ်လာမယ့် ၂၀၃၀ ကမ္ဘာ့ဖလား

အောက်တိုဘာလ ၅ ရက်နေ့

ကမ္ဘာ့ဖလား ပြိုင်ပွဲကြီး စတင်ကျင်းပတဲ့ နှစ် ၁၀၀ ပြည့်ဖြစ်တဲ့ ၂၀၃၀ ခုနှစ်မှာ ကျင်းပမယ့် ရာပြည့် ကမ္ဘာ့ဖလား ပြိုင်ပွဲကြီးကို နိုင်ငံ ၆ နိုင်ငံမှာ ကျင်းပသွားမယ်လို ဖီဖာက အတည်ပြုလိုက်ပါတယ် ။

အဲ့ဒိနိုင်ငံတွေကတော့ ပေါ်တူဂီ၊ စပိန် ၊ မော်ရိုကို ၊ အာဂျင်တီးနား ၊ ဥရုဂွေး နဲ့ ပါရာဂွေး နိုင်ငံတွေပါပဲ ။

သူတိုတွေဟာ ၃ နိုင်ငံစီ ပူးပေါင်းပြီး အိမ်ရှင်အဖြစ် လျောက်ထားခဲ့ကြတာဖြစ်ကာ ဖီဖာကာ မော်ရိုကို + ပေါ်တူဂီ + စပိန် ၃ နိုင်ငံ ကို ၂၀၃၀ ကမ္ဘာ့ဖလား ရဲ့ အိမ်ရှင်အဖြစ် သတ်မှတ်ပေးခဲ့ပါတယ် ။

ဒါပေမယ့် ၁၉၃၀ ခုနှစ်မှာ စတင်ခဲ့တဲ့ ကမ္ဘာ့ဖလားရဲ့ နှစ် ၁၀၀ ပြည့် အထိမ်းအမှတ်ကို ပြိုင်ပွဲစတင်ရာ ဥရုဂွေး နိုင်ငံမှာလည်း ပြန်ကျင်းပပြီး အကောင်းဆုံး အမှတ်တရတွေကို ပြန်လည် ရယူလိုက်တဲ့ ဖီဖာ ဟာ အဖွင့်ပွဲစဉ် ၃ ပွဲကို တောင်အမေရိက နိုင်ငံ ၃ နိုင်ငံမှာ ကျင်းပဖို ခွင့်ပြုပေးခဲ့ပါတယ် ။

ဒါကြောင့် ၂၀၃၀ ကမ္ဘာ့ဖလားမှာ အိမ်ရှင် ၆ နိုင်ငံအထိ ရှိလာခဲ့ပြီး အဲ့ဒိ ၆ နိုင်ငံစလုံး ခြေစစ်ပွဲအောင်မြင်ခွင့် ရရှိခဲ့ကြမှာလည်း ဖြစ်ပါတယ် ။

၂၀၃၀ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အသင်း ၄၈ သင်းအထိ ပါဝင် ကစားကြမှာလည်း ဖြစ်ပြီး ၂၀၃၄ ကမ္ဘာ့ဖလား ပြိုင်ပွဲရဲ့ အိမ်ရှင် နေရာကိုတော့ ဆော်ဒီအာရေဗျ နိုင်ငံက အဆိုတင်သွင်းထားလိုက်ပြီလည်း ဖြစ်ပါတယ် ။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post ပါမောက္ခချုပ်ဆရာတော်ကြီး​၏ အစ်မတော် သီလရှင် ဆရာကြီး အဖွား ဒေါ်ကဉ္စနာ တစ်ဘဝဇာတ်သိမ်းချုပ်ငြိမ်း
Next post နစက ဥက္ကဋ္ဌထံမှ ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် အခမ်းအနားသို့ ပေးပို့သည့်သဝဏ်လွှာ