ပါမောက္ခချုပ်ဆရာတော်ကြီး​၏ အစ်မတော် သီလရှင် ဆရာကြီး အဖွား ဒေါ်ကဉ္စနာ တစ်ဘဝဇာတ်သိမ်းချုပ်ငြိမ်း

မဟာသုဗောဓာရုံကျောင်းတိုက်ကြီးများ၏ ပဓာနနာယက၊ ရွှေကျင်နိကာယဉပ ဥက္ကဋ္ဌ မဟာနာယက၊ အဘိဓဇမဟာရဋ္ဌ ပါမောက္ခချုပ်ဆရာတော် ဒေါက်တာဘဒ္ဒန္တနန္ဒမာလာဘိဝံသ၏ အစ်မတော် သီလရှင် ဆရာကြီး ဒေါ်ကဉ္ဇနာသည် ယနေ့(အောက်တိုဘာ ၅ ရက်) မြန်မာသက္ကရာဇ် တော်သလင်းလပြည့်ကျော် ၆ ရက် နံနက် ၅ နာရီ ၅ မိနစ်တွင် တစ်ဘဝတာခန္ဓာဇာတ်သိမ်းချုပ်ငြိမ်းသွားကြောင်း ဆရာတော်ကြီး၏ ကပ္ပိယတစ်ဦးဖြစ်သည့် ကိုချမ်းမြေ့အောင်က သူ၏ လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားထားသည်။

ဆရာကြီး ဒေါ်ကဉ္ဇနာသည်ပျံလွန်တော်မူချိန်တွင်သက်တော်(၉၇)နှစ်အရွယ်ရှိပြီဖြစ်သည်။ ဆရာကြီး ဒေါ်ကဉ္စနလောင်းလျာ လူအမည်မသိန်းကြည်ကို မြန်မာသက္ကရာဇ် ၁၂၈၉ ခုနှစ် ဝါဆိုလပြည့်ကျော် ၅ ရက် တနင်္လာနေ့ နံနက် ၅ နာရီတွင် ဖခမည်းတော် ဦးစံလှ မယ်တော်ဒေါ်ခင်တို့က မန္တလေးတိုင်း စဉ့်ကူးမြို့နယ် ညောင်ပင်ရွာတွင် ဖွားမြင်ပြီး မွေးချင်း ၉ ယောက်အနက် လေးယောက်မြောက်ဖြစ်သည်။

ဒေါ်ကဉ္ဇနာလောင်းလျာသည် မြန်မာသက္ကရာဇ် ၁၃၀၃ ခုနှစ် နယုန်လဆန်း ၈ ရက် အသက် ၁၄ နှစ်အရွယ်တွင် စစ်ကိုင်း တောင်ရိုး ဝိပဿနာ ဂန္ဓာရုံချောင် ပဌမဝိဿနာဆရာတော် အရှင်ဣန္ဒာဘသထံ သီလရှင်အဖြစ်ခံယူပြီး ဘွဲ့အမည်မှာ မကုသလဟု မှည့်ခေါ်ခဲ့သော်လည်း အခြားသီလရှင်ဆရာကြီးများက မကဉ္ဇာနာဟု ခေါ်တွင်ရာမှ နောက်ပိုင်းတွင် ကဉ္ဇာနာ အမည်ဖြင့် ဘွဲ့ အမည်တွင်ခဲ့သည်ဟု သိရှိရပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post မြန်မာအစိုးရအား လူ့အခွင့်အရေးဆိုင်ရာ အစည်းအဝေးများ သို့ ဖိတ်ကြားရန် ဥရောပသမဂ္ဂနှင့် အာဆီယံ ဆုံးဖြတ်
Next post အိမ်ရှင် ၆ နိုင်ငံအထိ ဖြစ်လာမယ့် ၂၀၃၀ ကမ္ဘာ့ဖလား