SO ကိုယ်ပိုင်သံစဉ် တေးရေး၊ တေးဆိုတေးသီချင်း ပြိုင်ပွဲကြီး အတွက်Top Finalist များအား မိတ်ဆက်ပွဲ ပြုလုပ်

SO ကိုယ်ပိုင်သံစဉ် တေးရေး၊ တေးဆိုတေးသီချင်းပြိုင်ပွဲကြီး၏ Grand Final ပွဲသို့ တက်လှမ်းခဲ့ကြသည့်Top Finalist များအား မိတ်ဆက်ခြင်း စာနယ်ဇင်းရှင်းလင်းပွဲကို ၃.၁၀.၂၀၂၃ ( အင်္ဂါ ) နေ့လည် (၁) နာရီအချိန်က ရွှေထွဋ်တင်ဝန်း၊ အရှေ့မြင်းပြိုင်ကွင်းလမ်း၊ တာမွေမြို့နယ်တွင် ကျင်းပပြုလုပ်ခဲ့သည်။

SO ကိုယ်ပိုင်သံစဉ် တေးရေး၊ တေးဆို Top 10 မှ Semi Final ( Together Week ) ကို ယှဉ်ပြိုင်ကြသူများထဲက တေးရေး ပြိုင်ပွဲအတွက် ရွေးချယ်ထားသည့် ဆန်ခါတင် ၆ ဦးနှင့် တေးဆိုပြိုင်ပွဲအတွက် ရွေးချယ်ထားသည့် ဆန်ခါတင်၆ ဦးကို မိတ်ဆက်ပေးခဲ့သည်။

ဆန်ခါတင်ရွေးချယ်ခြင်းခံထားရသူများမှာ တေးရေးပြိုင်ပွဲအတွက် ထည်ဝါ၊ အားဖုန်၊ ပင်လယ်အေး၊ သော်ဇင်လတ်၊ မှုန်ကြီးနှင့် ဉာဏ်လင်းထွဋ်တို့ဖြစ်ပြီး တေးဆိုပြိုင်ပွဲအတွက်မောင်သု၊ ဘွဲ၊ Anoni Mus၊ ဉာဏ်လင်းထက်၊ Moanaနှင့် ပုလဲဖြူစင်ဖွေးတို့ ဖြစ်ကြသည်။

SO ကိုယ်ပိုင်သံစဉ်တေးရေး၊ တေးဆိုတေးသီချင်းပြိုင်ပွဲကြီး၏ Grand Final ပွဲကြီးကို ၇၊ ၁၀၊ ၂၀၂၃ ( စနေ ) နေ့ ညနေ(၆)နာရီတွင် ကျင်းပမည်ဖြစ်ပြီး Channel-9 ရုပ်သံလိုင်းနှင့် SKYNET Music ရုပ်သံလိုင်း တို့မှတိုက်ရိုက် ( Live ) ထုတ်လွှင့်ပြသသွားမည်ဖြစ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post Peacemaker Season 2 အတွက် ဇာတ်လမ်းရေးသားနေပြီ ဖြစ်
Next post မြန်မာအမျိုးသား(၄)ယောက်တွဲ ပိုက်ကျော်ခြင်းအသင်း အင်ဒိုနီးရှားကို အနိုင်ယူကာ ရွှေတံဆိပ်ဆွတ်ခူး