
မြန်မာအမျိုးသား(၄)ယောက်တွဲ ပိုက်ကျော်ခြင်းအသင်း အင်ဒိုနီးရှားကို အနိုင်ယူကာ ရွှေတံဆိပ်ဆွတ်ခူး
တရုတ်နိုင်ငံ၊ ဟန်ကျိုးမြို့မှာ ကျင်းပပြုလုပ်တဲ့ (၁၉) ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲမှာ မြန်မာအမျိုးသား (၄) ယောက်တွဲပိုက်ကျော်ခြင်းအသင်းဟာ ယနေ့ နံနက် မြန်မာစံတော်ချိန် ၈ နာရီအချိန်ခန့်တွင် အင်ဒိုနီးရှားအသင်းကို နှစ်ပွဲပြတ်အနိုင်ရရှိကာ ရွှေတံဆိပ်ဆု ဆွတ်ခူးခဲ့ကြောင်း သိရသည်။



မြန်မာအမျိုးသားပိုက်ကျော်ခြင်း (၄) ယောက်တွဲအသင်းမှာ ဇင်မင်းဦး(အားထစ်)၊ ဇင်ကိုကို၊ ရှိန်းဝဏ္ဏဇော် (ရှိန်းလေး)၊ အောင်ခန့်သူ (ဘားသက်)၊ သန့်ဇင်ဦး(ဘောစိ)၊ သန့်ဇင်ထွန်းတို့ ပါဝင်ကစားတာဖြစ်ပါတယ်။
မြန်မာအမျိုးသားပိုက်ကျော်ခြင်းအသင်းသည် ယမန်နေ့ အောက်တိုဘာ (၃) ရက်နေ့ ဆီမီးဖိုင်နယ်အဆင့်၌လည်း ဂျပန်အသင်းကို ယှဉ်ပြိုင်အနိုင်ရရှိပြီး ဖိုင်နယ်အဆင့်သို့တက်ရောက်ခဲ့ခြင်းဖြစ်ပါသည်။
မြန်မာအမျိုးသားပိုက်ကျော်ခြင်း အသင်းသည် (၁၉)ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲတွင် မြန်မာနိုင်ငံအတွက် ပထမဆုံး ဆုတံဆိပ် ရယူပေးခဲ့သည့် အသင်းဖြစ်သည်။