အီတလီနိုင်ငံမှာ ရိုက်ကူးခဲ့သော အလှဓာတ်ပုံများ ချပြလာသော သရုပ်ဆောင် မောင်တို့ ဇနီးမောင်နှံ

မင်္ဂလာပါ DBN ပရိသတ်ကြီးတို့‌ရေ …….သရုပ်ဆောင် မောင်နှင့် ရီရီပွင့်ဖြူတို့ဟာ တခေတ်တခါက ဗီဒီယိုဇာတ်ကားများမှာ သရုပ်ဆောင်ခဲ့ကြသော အနုပညာရှင် မင်းသားနဲ့မင်းသမီးပဲ ဖြစ်ပါတယ်။ သူတို့ နှစ်ဦးဟာ ချစ်သူသက်တမ်း(၉)နှစ် တွဲခဲ့ပြီး နောက် ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ ၂၂ ရက်နေ့မှာ ရန်ကုန်တိုင်း မရမ်းကုန်းမြို့နယ်ရှိ ချမ်းမြှေ့ရိပ်သာကျောင်းတိုက်မှာ မင်္ဂလာဦးဆွမ်းကပ်အလှူကို ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

အခုဆိုရင် မောင်နှင့်ရီရီပွင့်ဖြူတို့ဟာ အနုပညာအလုပ်တွေကို ရပ်နားပြီး ခရီးသွားအစီအစဉ် နှင့် အခြားသောအစီအစဉ် တွေကို blog ပုံစံဖြင့် လူမှုကွန်ယက်မှာ တင်ဆက်နေတာ ဖြစ်ပါတယ်။ ဒီရက်ပိုင်းမှ‌တော့ အီတလီနိုင်ငံမှာ ရောက်ရှိနေပြီး ရောက်ရှိချိန်တွင် “Right person နဲ့ right time မှာ ဆုံတွေ့ခွင့်ရတာကျေးဇူးပါ”  Dior By Heart Wedding Studio Yangon ဆိုပြီး သူတို့ဇနီးမောင်နှံ လှည်ပတ်ခဲ့သော မှတ်တမ်းများကို SEIN PHYO & YI   fb page ကနေ ချပြလာတာ ဖြစ်ပါတယ်။

ပရိသတ်ကြီးလည်း ခရီးသွားရင်း အမှတ်တရတွေ ရိုက်ကူးဖန်တီးပေးနေသော မောင်တို့ ဇနီးမောင်နှံ ဓာတ်ပုံများ ကြည့်ပြီး သဘောကြလိမ့်မည်ဟု ထင်မြင်ယူဆမိပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post ဗဟိုကာကွယ်ဆေးသိုလှောင်အအေးခန်းပါဝင်သော ၄ ထပ် ဆောင်အဆောက်အဦသစ်ဖွင့်လှစ်
Next post ရန်ကုန်-မြဝတီ မှန်လုံယာဥ်ငယ် အရှိန်လွန်ပြီး ရေမြောင်းအတွင်းသို့ တိမ်းမှောက် လူတစ်ဦးသေဆုံး