ရန်ကုန်-မြဝတီ မှန်လုံယာဥ်ငယ် အရှိန်လွန်ပြီး ရေမြောင်းအတွင်းသို့ တိမ်းမှောက် လူတစ်ဦးသေဆုံး

ကရင်ပြည်နယ်အပိုင် ၊ဘားအံ – သထုံသွားလမ်းမကြီးပေါ်ရှိ အထက်ကော့ရင်း ကျေးရွာအနီးတွင် ယနေ့ စက်တင်ဘာ (၁၃) ရက် နံနက်ပိုင်း ၇ နာရီ ၁၅ မိနစ် က ရန်ကုန် – မြဝတီ ခရီးသည်တင် မှန်လုံအမြန်ယာဉ်ငယ် တစ်စီး တိမ်းမှောက်ကာ ယာဉ်ပေါ်ပါ အမျိုးသားတစ်ဦး သေဆုံးခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ယာဉ်မောင်းတစ်ဦးနှင့် ခရီးသည်  လေး ဦး လိုက်ပါလာကြသည့် အဆိုပါ ခရီးသည်တင်မှန်လုံယာဉ် ငယ်မှာ အထက်ကော့ရင်း ကျေးရွာ ဒေသအခေါ် ဆန်းထူးကုမ္ပဏီကွေ့နေရာ၌ အရှိန်လွန်ပြီး လမ်းဘေးရေမြောင်းအတွင်းသို့ တိမ်းမှောက်သွားခြင်း ဖြစ်ကြောင်း လူမှုကူညီကယ်ဆယ်ရေးအဖွဲ့ ဖြစ်သည့် ပေးဆပ်သူ(Rescue)မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

အဆိုပါ ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်ပေါ်ပါ (၅) ဦးအနက် လက်ပံတန်းမြို့နယ်၊ ခမုန်းကျေးရွာမှ အသက် (၅၂) နှစ် အရွယ် အမျိုးသားတစ်ဦး သေဆုံးခဲ့ပြီး သေဆုံးသူ၏ ရုပ်အလောင်းနှင့် ထိခိုက်ဒဏ်ရာရသူ အချို့အား ပေးဆပ်သူ (Rescue) အသင်းမှ ဘားအံပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။

Photo Credit  –  ကိုနေလင်းအောင် (ပေးဆပ်သူ Rescue)

Leave a Reply

Your email address will not be published. Required fields are marked *

Previous post အီတလီနိုင်ငံမှာ ရိုက်ကူးခဲ့သော အလှဓာတ်ပုံများ ချပြလာသော သရုပ်ဆောင် မောင်တို့ ဇနီးမောင်နှံ
Next post အာဆီယံလေတပ်ဦးစီးချုပ်များ အစည်းအဝေးကို မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် ယမန်နေ့တွင် လက်ခံကျင်းပခဲ့