ဗဟိုကာကွယ်ဆေးသိုလှောင်အအေးခန်းပါဝင်သော ၄ ထပ် ဆောင်အဆောက်အဦသစ်ဖွင့်လှစ်

တစ်နိုင်ငံလုံးကာကွယ်ဆေးလိုအပ်ချက်၏ တစ်နှစ်စာသိုလှောင်ထားနိုင်မည့် ဗဟိုကာကွယ်ဆေး သိုလှောင်အအေးခန်း (ရန်ကုန်)တွင် ငွေကျပ် ၂ ဒသမ ၃ ဘီလီယံအကုန်အကျခံတည်ဆောက်ခဲ့သည့် ၄ ထပ်ဆောင်အဆောက်အဦသစ်အား ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ်၌ ဖွင့်လှစ်ခဲ့သည်။

အဆိုပါ ၄ ထပ်ဆောင်အဆောက်အဦးသစ်အား စက်တင်ဘာ ၁၂ ရက်နေ့လည် ၁ နာရီက ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းတက်ရောက်၍ ရန်ကုန်တိုင်း ဝန်ကြီးချုပ်၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်တို့ နှင့်အတူ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့သည်။

အဆောက်အဦသစ်တွင် ကာကွယ်ဆေးများ သိုလှောင်ထားရှိရန် လူဝင်လမ်းလျှောက်နိုင်သည့် အအေးခန်း Walk In Cooler (၇)လုံး၊အေးခဲခန်း Walk In Freezer (၄)လုံးပါဝင်သည့် အခန်း၊အပူချိန် အနုတ်(၈၀)ဒီဂရီစင်တီဂရိတ်မှာ သိမ်းဆည်း သိုလှောင်နိုင်သော Ultra Cold Chain Freezer များ၊ဆေးထိုးအပ်နှင့်ဆက်စပ်ပစ္စည်းများထားရှိရာ (Dry Store)အခန်း ၊ရုံးခန်းများ၊ အစည်းအဝေးခန်း များပါဝင်သည်။

ထို့ပြင် လူ(၄၀၀)ခန့် တက်ရောက်နိုင်သော သင်တန်းခန်းမ(၁)ခုနှင့်သင်တန်းသား(၅၀)ခန့် တည်းခိုရန် နေရာ၊ လူစီးဓာတ် လှေကားစနစ် (၁)ခု၊ ပစ္စည်းအတင်အချ ဓာတ်လှေကားစနစ် (၁)ခု၊ နေရောင်ခြည် စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေး စနစ်များနှင့် 300 KVA Back-up Generator မီးစက် (၂) လုံး၊ ဂါလံ (၁၀၀၀၀)ဆံ့ ရေကန်တို့လည်းပါရှိကာ တစ်နိုင်ငံလုံး ကာကွယ်ဆေးလိုအပ်ချက်၏ တစ်နှစ်စာကို သိုလှောင်ထားနိုင်ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post မိဘစုံရာရှေ့မှာ စေ့စပ်လိုက်သော အဆို‌တော် ထွန်းနောင်ဆင့် နှင့် အဆိုတော် နန့်ချစ်နဒီဇော်
Next post အီတလီနိုင်ငံမှာ ရိုက်ကူးခဲ့သော အလှဓာတ်ပုံများ ချပြလာသော သရုပ်ဆောင် မောင်တို့ ဇနီးမောင်နှံ