နှစ်ပေါင်း ၁၄၀ နီးပါးအတွင်း ဟောင်ကောင်မြို့မှာ အကြီးမားဆုံး မိုးရွာသွန်းမှုကြုံတွေ့

ဟောင်ကောင်နဲ့ တရုတ်နိုင်ငံ တောင်ပိုင်းမြို့တွေမှာ စံချိန်တင် မိုးရွာသွန်းခဲ့ပြီး ရေကြီးရေလျှံခဲ့ပါတယ်။ စက်တင်ဘာလ ၇ ရက် ညပိုင်းက စတင်ရွာသွန်းခဲ့တဲ့ မိုးဟာ နှစ်ပေါင်း ၁၄၀ နီးပါးအတွင်း ဟောင်ကောင်မြို့မှာ အကြီးမားဆုံး မိုးရွာသွန်းမှု ဖြစ်ခဲ့ ပါတယ်။

ကြာသပတေးနေ့ည ၁၁ နာရီကနေ သန်းခေါင်ယံအချိန်အထိ မိုးရေချိန် ၆.၂ လက်မ ရွာသွန်းခဲ့ပြီး မိုးရေချိန်မှတ်တမ်း စတင်ကောက်ယူခဲ့တဲ့ ၁၈၈၄ ခုနှစ်နောက်ပိုင်း စံချိန်တင် မိုးရွာသွန်းမှု ဖြစ်ပါတယ်။ ဟောင်ကောင်မြို့မှ လမ်းတွေ၊ မြေအောက်ဘူတာရုံတွေမှာ ရေဖုံးလွှမ်းခဲ့ပြီး စာသင်ကျောင်းတွေ၊ အလုပ်တွေကိုလည်း ပိတ်ထားရပါတယ်။

ရာသီဥတု ဆိုးရွားမှုကြောင့် ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း ဆေးရုံတင်ပို့ပေးခဲ့ရသူ အနည်းဆုံး ၈၃ ဦး ရှိတယ်လို့ ဟောင်ကောင်အာဏာပိုင်တွေက ဆိုပါတယ်။ ရေကြီးရေလျှံမှုကြောင့် မြေပြိုပြီး လမ်းတွေကို ပိတ်ဆို့ခဲ့ပါတယ်။

ဟောင်ကောင်မြို့နဲ့ နယ်နမိတ်ချင်း ထိစပ်နေတဲ့ တရုတ်နိုင်ငံ၊ ရှန်ကျန်းမြို့မှာလည်း ၁၉၅၂ ခုနှစ်နောက်ပိုင်း အကြီးမားဆုံးမိုးရွာသွန်းမှု ကြုံတွေ့ခဲ့ပါတယ်။ ကွမ်တုံပြည်နယ်မှာတော့ လေကြောင်းခရီးစဉ် ရာနဲ့ချီ ဖျက်သိမ်းခဲ့ရပါတယ်။

https://www.bbc.com/news/world-asia-china-66748239
https://www.bbc.com/news/world-asia-china-66748239

Leave a Reply

Your email address will not be published. Required fields are marked *

Previous post မိသားစုအလှူလေးပ လာရောက်အားပေးကြဖို့ ဖိတ်ခေါ် လိုက်သော သရုပ်ဆောင် ပိုးကြာဖြူခင်
Next post အမြန်လမ်းတွင် ရွှေမန်းသူအဝေးပြေးယာဥ်တိမ်းမှောက်မှု ဖြစ်ပွား