မန္တလေးတိုင်းခရိုင် (၇)ခုရှိ တက္ကသိုလ်ဝင်တန်းစာမေးပွဲ ပြန်လည်ဖြေဆိုမည့်သူများအတွက် သင်ကြားရေးစခန်းများဖွင့်လှစ် ပို့‌ချပေးနေ

မန္တလေးတိုင်း ခရိုင်(၇)ခုအတွင်းရှိ တက္ကသိုလ်ဝင်တန်းစာမေးပွဲ ပြန်လည်ဖြေဆိုမည့် ကျောင်းသား/သူများအတွက် သင်ကြားရေးစခန်းများဖွင့်လှစ် ပို့‌ချပေးနေကြောင်း သိရသည်။

အဆိုပါ လေ့ကျင့်သင်ကြားပို့ချမှုကို ဘာသာရပ်များအလိုက် တက္ကသိုလ်ပါမောက္ခများ၊ ကျောင်းများရှိ သီအိုရီပိုင်း ဆရာ/ဆရာမများက ရက်ပေါင်း(၅၀)ခန့်အတွင်း ပြန်လည်လေ့ကျင့်သင်ကြားပို့ချခြင်းကို အပြီးပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

“ပါမောက္ခတွေ သင်ကြားပေးပြီး ကျောင်းက ဆရာမတွေက ပြန်ဂိုက်လိုင်းပေးတယ်။ အားလုံးပြန်ဖြေကြရတာဆိုတော့ ဒီနှစ် မကြိုးစားလိုက်ရင် နောင်နှစ်က တစ်နှစ်လုံးပြန်ကြိုးစားရမှာ။ အခုက ပါမောက္ခတွေ လာသင်ပေးတဲ့အတွက် စာမေးပွဲအတွက် ပိုအထောက်အပံ့ဖြစ်ပါတယ်။ လိုအပ်တာရှိရင်လည်း အကူအညီတောင်းကြဖို့ ပြောပါတယ်”ဟု မန္တလေး မြို့အမှတ် (၁၆) အခြေခံပညာ အထက်ကျောင်းတွင် တက်ရောက်နေသည့် ကျောင်းသူတစ်ဦးက ပြောသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post (၅-၅-၂၀၂၅) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်
Next post (၅-၅-၂၀၂၅) ရက်နေ့ ပြည်တွင်းရွှေစျေး၊ ငွေလဲလှယ်နှုန်းနှင့်စက်သုံးဆီဈေးနှုန်းများ