မန္တလေးငလျင်နှင့်ပတ်သက်၍ ရုရှားနိုင်ငံရှေ့နေချုပ်က နစက ဥက္ကဋ္ဌ ထံ ဝမ်းနည်းကြောင်းသဝဏ်လွှာပေးပို့

အလွန်အင်အားပြင်းထန်စွာလှုပ်ခတ်ခဲ့သည့် မန္တလေးငလျင်ကြီးဒဏ်ကြောင့် ပျက်စီးဆုံးရှုံးမှုများစွာဖြစ်ပေါ်ခဲ့ရခြင်းနှင့်ပတ်သက်၍ ရုရှားနိုင်ငံ၊ ရှေ့နေချုပ် H.E.Mr.Igor Krasnov က နစကဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံ ဧပြီ ၂၄ ရက်က ဝမ်းနည်းကြောင်းသဝဏ်လွှာပေးပို့ခဲ့သည်။

သဝဏ်လွှာတွင် မိမိအနေဖြင့် အဆွေတော်၏ နိုင်ငံတွင်လှုပ်ခတ်ခဲ့သော မြေငလျင်ကြောင့် ဝမ်းနည်းဖွယ်ရာကိစ္စများ ဖြစ်ပေါ်ခဲ့ခြင်းအပေါ် များစွာဝမ်းနည်းရကြောင်း၊ မြန်မာပြည်သူများ၏ ရဲစွမ်းသတ္တိနှင့် စည်းလုံးညီညွတ်မှုများဖြင့် ဤတုန်လှုပ် ခြောက်ခြားဖွယ်ရာဖြစ်ရပ်ကို ကျော်လွှားနိုင်ပါစေဟု ဆုတောင်းအပ်ပါကြောင်း ရေးသားထားသည်။

ထို့ပြင် မိမိအနေဖြင့် ထိခိုက်ခံစားရသူများ၏ ဆွေမျိုးမိတ်ဆွေများ၏ ဝမ်းနည်းပူဆွေးမှုကို ထပ်တူနားလည်ခံစားရပါကြောင်းနှင့် ၎င်းတို့၏ မိသားစုဝင်များအားစာနာအားပေးပါကြောင်းလည်း သဝဏ်လွှာ၌ရေးသားထားသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post ငလျင်ဒဏ်ကြောင့် ဥပ္ပါတသန္တိစေတီတော်မြတ်ကြီးရှိ ပျက်စီးခဲ့မှုများကို နစက ဥက္ကဋ္ဌကြည့်ရှု
Next post (၂၅-၄-၂၀၂၅) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်