ထိုင်း Netflix မှာကြည့်ရှုသူအများဆုံးထဲပါလာတဲ့ လိပ်ပြာ စံအိမ်
မြန်မာ Horror ဇာတ်ကား တွေထဲမှာ ပရိသတ်တွေတော်တော်လေးအားပေးခဲ့တဲ့ လိပ်ပြာစံအိမ် ဇာတ်ကားကတော့ အခုမှာဆို Netflix ထိပါအောင်မြင်လာပါပြီ။ဒီဇာတ်ကားကြီးကို ၂၀၁၉ ခုနှစ် က ထိုင်းဒါရိုက်တာကရိုက်ကူးခဲ့တာဖြစ်ပြီး မြန်မာနိုင်ငံမှာ ရုံတင်ခဲ့စဉ်က ဟုန်းဟုန်းတောက် အောင်မြင်ခဲ့သလို နိုင်ငံတစ်ကာသို့ တက်ရောက်ပြီး ပြသခွင့်ရခဲ့တာပါ။
The Only Mom – လိပ်ပြာစံအိမ် ရုပ်ရှင်ဇာတ်ကားဟာ မြန်မာ့ရှပ်ရှင်သမိုင်းတွင် ပထမဦးဆုံး Singapore နိုင်ငံ၌ Aisan Awards ဆု ၅ ခုကို nominate လုပ်ခံရပြီး အကောင်းဆုံးအမျိုးသမီးဇာတ်ဆောင်ဆုကို Asian Creative Academy Awards မှာရရှိထားတာဖြစ်ပါတယ်။
ဒီဇာတ်ကားကို နာမည်ကြီးသရုပ်ဆောင် နိုင်နိုင်း၊ဒေါင်းနဲ့ ဝတ်မှုန်ရွှေရည်ပါဝင်ရိုက်ကူးထားတာဖြစ်ပြီး ကလေးသရုပ်ဆောင် တွေလည်းပါဝင်ခဲ့တာပါ။ ပါဝင်သရုပ်ဆောင်သူများရဲ့ အနုပညာစွမ်းအား၊ မြန်မာလူမျိုး ရေးသားတဲ့ ဇာတ်လမ်း၊ ဇာတ်အိမ်၊ ဇာတ်ကွက်တွေနဲ့ ထိုင်းဒါရိုက်တာရဲ့ စိတ်ကူးပုံဖော်မှုတွေ ပေါင်းစပ်မှုဟာ အခုလို ရလဒ်ကောင်းတွေ ဖြစ်ပေါ်စေခဲ့တာဖြစ်ပါတယ်။
ဒီဇာတ်ကားလေးဟာ Netflix မှာပြသခွင့်ရခဲ့ပြီး အခုမှာလည်း ကြည့်ရှုသူအများဆုံး နံပတ်၇နေရာမှာ ရပ်တည်နေတာပါ။ ထိုင်းပရိတ်သတ်တွေ လိပ်ပြာစံအိမ်ကို စပြတဲ့နေ့မှာပဲ Netflix မှာ Stream ပေးခဲ့ကြတာပါ။ ကြည့်ပြီးသွားတဲ့လူတွေရဲ့ Review ကောင်းတွေလည်းအများကြီး ရရှိထားပါတယ်။