ဝါးခယ်မမြို့တွင် မီးအကြီးအကျယ်လောင် ကျွမ်းမှုဖြစ်ပွား

ဧရာဝတီတိုင်း၊ ဝါးခယ်မမြို့တွင် ယနေ့ အောက်တိုဘာ ၂၁ ရက်နေ့လည် ၃ နာရီကျော်ခန့်က မီးအကြီးအကျယ် လောင်ကျွမ်း မှုဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ဝါးခယ်မမြို့၊ ရေကျော်ရပ်ကွက်ရှိ စျေးဆိုင်တန်းများရှိ စျေးဆိုင်တစ်ဆိုင်မှစတင်ကာ မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ပြီးနောက် ဘေးကပ်ရက်တွင်ရှိနေသော ဆိုင်ခန်းများအားကူးစက်လောင်ကျွမ်းခဲ့သဖြင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုကူညီရေးအသင်းဝင် များနှင့်အနီးဝန်းကျင်နေသူများက ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြကြောင်း သိရသည်။

” မီးလောင်အားကအရမ်းများတယ်။ ဒီနေ့မိုးမရွာတော့ ပိုဆိုးသွားတာပေါ့။ အတော်များများမီးလောက် ပျက်စီးတဲ့အထဲ ပါသွားတယ်။ အခု မီးလောင်တဲ့နေက ဝါးခယ်မမြို့မစျေးဘေးနားမှာပါ။ မီးသတ်ကတာဝန်ရှိတဲ့လူတွေပြောပုံအရဆိုရင် Level 2 အဆင့်ရှိတယ်လို့သိရတယ်”ဟု ဒေသခံတစ်ဦးက ပြောသည်။ မီးလောင်မှုအား ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် ညနေ ၅ နာရီကျော်ခန့်တွင် မီးထိန်းနိုင်ခဲ့ပြီး ည ၆ နာရီကျော်ခန့်၌ မီးငြိမ်းသွားခဲ့သဖြင့် စတင်လောင်ကျွမ်းရသည့် အကြောင်းရင်းနှင့် ပျက်စီး ဆုံးရှုံးမှုတန်ဖိုးအား မီးသတ်တပ်ဖွဲ့တာဝန်ရှိသူ များက စစ်ဆေးလျက်ရှိကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post ဗိသာနိုးဘုရင်မရဲ့“စစ်မာန်ဝင့်ချီ ဗိဿနိုးဧကရီ”ဝတ်စုံနဲ့ စင်ပေါ် အပြည့်အဝ မပြသရခဲ့ပေမယ့် မြန်မာပရိသတ် အားပေးမှုများစွာရခဲ့တဲ့ သဲစုညိမ်း
Next post ဖိလစ်ပိုင်နိုင်ငံမှာကျင်းပမယ့် Miss Earth 2024 ပြိုင်ပွဲကြီးကို မြန်မာနိုင်ငံကိုယ်စားပြုအလှမယ်သော်တာစန်း ဝင်ရောက်ယှဉ်ပြိုင်ဖို့ ရန်ကုန်လေဆိပ်မှ စတင်ထွက်ခွာ