နိုင်ငံကျော် တေးသံရှင်များ၏ ရေဘေးသင့်ဒေသများ ပြန်လည်ထူထောင်ရေး ရန်ပုံငွေဂီတဖျော်ဖြေပွဲကျင်းပမည်

မြန်မာနိုင်ငံဂီတအစည်းအရုံး(ဗဟို)မှကြီးမှူး၍ ရေဘေးသင့်ဒေသများ၏ ပြန်လည်ထူထောင်ရေးလုပ်ငန်းများအတွက် “ကူညီကမ်းဆက် ဂီတလက်ဖြင့်”ခေါင်းစဥ်ဖြင့် ရန်ပုံငွေတေးဂီတဖျော်ဖြေပွဲအား လာမည့် အောက်တိုဘာ ၁၁ ရက်ည နေ ၅ နာရီမှ ည ၉ နာရီအထိ အမျိုးသားဇာတ်ရုံ (ရန်ကုန်)၌ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

နိုင်ငံကျော်တေးသံရှင်များဖြစ်သည့် ကိုင်ဇာ၊ မျိုးကျော့မြိုင်၊ စည်သူလွင်၊ ဂရေဟမ်၊ ကောင်းဆက်၊ ဇော်ပိုင်၊ ပူစူး၊ နောနော်၊ အောင်လ၊ သာဒီးလူ၊ ဝန၊ အောင်ထက်၊ ဇွဲပြည့်၊ နေမင်းအိမ်၊ L ဆိုင်းဇီ၊ ရတနာမိုင်၊ နီနီခင်ဇော်၊ ဆိုင်စံ၊ ပိုပို၊ ယွန်းမြတ်သူနှင့် ပန်းရောင်ခြယ်တိုက ဖျော်ဖြေတင်ဆက်သွားမည်ဖြစ်ကြောင်း သိရသည်။

ထိုကြောင့် လာရောက်ကြည့်ရှုနားဆင်လိုသူများအနေဖြင့် လက်မှတ်များအား Junction City၊ Junction Square ၊ Yangon International Hotel (Music Box) ၊ အမျိုးသားဇာတ်ရုံ၊ မြန်မာနိုင်ငံဂီတအစည်းအရုံး(ဗဟို)တိုနှင့် Kpay နံပတ်ဖြစ်သော ဖုန်း ၀၉ ၂၅၂၈၀၄၃၀၈ သို့ ဆက်သွယ် ဝယ်ယူနိုင်ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post မန္တလေးတိုင်း ဝန်ကြီးချုပ်ဟောင်း ဒေါက်တာဇော်မြင့်မောင် ကွယ်လွန်