
မန္တလေးတိုင်း ဝန်ကြီးချုပ်ဟောင်း ဒေါက်တာဇော်မြင့်မောင် ကွယ်လွန်
မန္တလေးတိုင်း ဝန်ကြီးချုပ်ဟောင်း ဒေါက်တာဇော်မြင့်မောင်သည် အောက်တိုဘာ ၇ ရက် နံနက် လေးနာရီခန့်က မန္တလေးဆေးရုံကြီး ၌ ကွယ်လွန်သွားခဲ့ကြောင်း သတင်းရရှိသည်။ ဒေါက်တာဇော်မြင့်မောင်သည် မန္တလေးဆေးရုံကြီးတွင် ကင်ဆာရောဂါ ဝေဒနာကြောင့် ဆေးကုသမှုခံယူနေစဉ် ကွယ်လွန်သွားခဲ့ခြင်းဖြစ်သည်။
NLD ဒုတိယဥက္ကဋ္ဌ ဖြစ်သူ ဒေါက်တာဇော်မြင့်မောင် သည် ကွယ်လွန်ချိန်တွင် အသက် ၇၂ နှစ်ရှိပြီဖြစ်ကြောင်းသိရသည်။ ဒေါက်တာဇော်မြင့်မောင်သည် အဂတိမှုအပါအဝင် အမှုပေါင်း ၁၀ခုဖြင့် ထောင်ဒဏ်၂၉ နှစ်ကျခံလျက်ရှိရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ၆-၁၀-၂၀၂၄ ရက်နေ့ ရက်စွဲပါစာအမှတ်၊ ၁၀၂(၁)/၈/ကောင်စီ (၂ဝ၂၄) ဖြင့် ပြစ်ဒဏ်များအပေါ် လျော့ပေါ့ပြီး လွတ်ငြိမ်းခွင့်ပြုခဲ့ကြောင်း သိရသည်။ မန္တလေးတိုင်းဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင် နေစဉ်ထဲက ကင်ဆာရောဂါအား ခံစားနေရသူဖြစ်ပြီး ကုသမှုများအား ခံယူနေရသူဖြစ်ကာ ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက် တွင် ထိန်းသိမ်းခံခဲ့ရခြင်းဖြစ်သည်။





More Stories
ပြည်ထောင်စုအဆင့် ရွေးကောက်ပွဲဝင်ရန် ကျားဖြူပါတီအဆင်သင့်ဖြစ်ဟုဆို
ပြည်ထောင်စုအဆင့် ရွေးကောက်ပွဲဝင်ရန် ကျားဖြူပါတီအနေဖြင့် အဆင်သင့်ဖြစ်နေပြီဖြစ်ကြောင်း ပါတီဥက္ကဋ္ဌ ဦးစိုင်းအိုက်ပေါင်းက ယနေ့ (မေလ ၁၈ ရက်) တွင် ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ်၌ကျင်းပသော ဗဟိုဌာနချုပ်ရုံးဖွင့်ပွဲတွင် ပြောကြားခဲ့ခြင်းပါတယ်။ ရှမ်းနှင့် တိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ (ကျားဖြူပါတီ)အနေဖြင့် လက်ရှိတွင် ရုံးခန်းပေါင်း...
မင်းလှမြို့နယ်နှင့် နေပြည်တော် ပျဉ်းမနားတွင် မူးယစ်မှောင်ခိုဂိုဏ်းအဖွဲ့အားဖမ်းမိ
ပဲခူးတိုင်း မင်းလှမြို့နယ်နဲ့ နေပြည်တော်ပျဥ်းမနားမြို့နယ်မှာ ငွေကျပ် ၁၆ ဒသမ ၂ ဘီလီယံကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ် ဆေးပြား ၉၈ သိန်းခန့်အပါအဝင် အိုက်စ်(မက်သ်အဖက်တမင်း)၊ ကက်တမင်းနဲ့ စိတ်ပြောင်းဆေးဝါး Happy Water များနဲ့အတူ မူးယစ်မှောင်ခိုဂိုဏ်းအဖွဲ့အား ဖမ်းဆီးရမိသည်ဟု...
မေလ ၂၂ ရက်တွင် အခြေခံပညာကျောင်းများ စတင်ကျောင်းအပ်လက်ခံမည်
၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် ကျောင်းအပ်နှံရေးသီတင်းပတ်အဖြစ် မေလ ၂၂ ရက်မှစတင်၍ ဇွန်လ ၁ ရက်အထိ သတ်မှတ်ထားကြောင်း ပညာရေးဝန်ကြီးဌာနမှ အသိပေးကြေညာထားသည်။ မိဘများအနေဖြင့် ကျောင်းအပ်နှံရာတွင် ၅ နှစ်အရွယ် ကလေးများကို သူငယ်တန်း (KG) သို့...
ငလျင်ကြောင့် ပျက်စီးသွားသည့် အဆောက်အအုံများ ပြန်လည်ပြင်ဆင်ရန် လမ်းညွှန်ချက်စာစောင်များ ဖြန့်ချီ
ငလျင်ကြောင့်ပျက်စီးသွားသည့် အဆောက်အအုံများ ပြန်လည်ပြင်ဆင်ရန် လမ်းညွှန်ချက်စာစောင်များကို မေလ (၁၃) ရက်တွင် ဖြန့်ချိလိုက်ကြောင်း မြန်မာနိုင်ငံငလျင်ကော်မတီထံက သိရပါတယ်။ အဆိုပါ စာစောင်အား အများပြည်သူအနေဖြင့် စနစ်တကျ ပြန်လည်ပြင်ဆင်နေထိုင်နိုင်ရန်အတွက် ရည်ရွယ်၍ ဖြန့်ချီခြင်းဖြစ်ကြောင်း သိရပါတယ်။ ထိုပြင် အစိမ်းရောင်...
ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ခြမ်းမှာ ငါးဖမ်းနေသူနှစ်ဦးကို AA လက်နက်ကိုင်အဖွဲ့ ပစ်ခတ်မှုကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသားနှစ်ဦး ဒဏ်ရာရ
ဘင်္ဂလားဒေ့ရှ်နိုင်ငံသား တံငါသည်နှစ်ဦးမှာ မေလ ၁၂ ရက်က ရှင်မဖြူကျွန်း(Shah Porir Dwip island) အနီး နတ်မြစ်အတွင်း ငါးဖမ်းနေကြတုံးမှာ မြန်မာနိုင်ငံဘက်ခြမ်းက ရခိုင်အကြမ်းဖက်လက်နက်ကိုင် AA သူပုန်တွေရဲ့ ပစ်ခတ်မှုကို ခံခဲ့ရတယ်လို့ သိရပါတယ်။ AA...
ရွှေကျင်မြို့နယ် ဇလုတ်ကြီးကျေးရွာရှိ KNLA နှင့် PDF ပူးပေါင်းအဖွဲ့များ ခေတ္တဝင်ရောက်နေရာယူခဲ့သည့် နယ်မြေခံတပ်ရင်းအား တပ်မတော်က ပြန်လည်ထိန်းချုပ်
KNLA နှင့် PDF များ ခေတ္တဝင်ရောက်နေရာယူထားသည့် ပဲခူးတိုင်းဒေသကြီး၊ ရွှေကျင်မြို့ နယ်၊ ဇလုတ်ကြီးကျေးရွာရှိ နယ်မြေခံတပ်ရင်း အား ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်သည်။ ပဲခူးတိုင်းဒေသကြီး၊ ရွှေကျင်မြို့ နယ်၊ ဇလုတ်ကြီးကျေးရွာရှိ နယ်မြေခံတပ်ရင်း...