အဆိုတော် ယွန်းမြတ်သူရဲ့ အသက် ၂၆ နှစ်ပြည့်မွေးနေ့ Yoon Myat Thu’s Birthday Show ကျင်းပမည်

ပရိသတ်တွေအကြား အသည်းကွဲသီချင်းနဲ့ အောင်မြင်မှုရရှိခဲ့တဲ့ အဆိုတော် ယွန်းမြတ်သူရဲ့ ၂၆ နှစ်ပြည့်မွေးနေ့အမှတ်တရအနေနဲ့ Yoon Myat Thu’s Birthday Show ကို လာမယ့် အောက်တိုဘာ ၁၅ ရက်မှာ ရန်ကုန်မြို့ရှိ Inya Lake Hotel Granden မှာ ကျင်းပသွားမှာဖြစ်ပါတယ်။

“အသည်းကွဲ ဓာတ်ခံရှိတဲ့ အယွန်းရဲ့ချစ်ပရိသတ်များအတွက် အသည်းကွဲသီချင်းတွေကို အားရပါးရ ခံစားနား ဆင်နိုင်ဖို့ အယွန်းက ပွဲလေးတစ်ပွဲ စီစဥ်ထားပါတယ်။ အောက်တိုဘာ ၁၅ ရက်နေ့မှာ ကျရောက်မယ့် အယွန်းရဲ့ ၂၆ နှစ်ပြည့် မွေးနေ့ပွဲလေးမှာ အယွန်းက သီချင်းတွေအများကြီး သီဆိုဖျော်ဖြေမှာဖြစ်ပါတယ်။ အယွန်းပွဲမှာ ပါဝင်အားဖြည့်ပေး ကြဦးမှာဆိုတော့ အမိုက်စားပွဲတစ်ပွဲတော့ ဖြစ်နေမှာနော်”လို့ အဆိုတော် ယွန်းမြတ်သူက ပြောပါတယ်။

အဆိုပါပွဲမှာတော့ အသည်းကွဲ တေးသီချင်းကောင်းများစွာကို နားဆင်ခံစားရမယ့်အပြင် Special Guests တွေရဲ့ သီဆိုဖျော်ဖြေမှုတွေနဲ့အတူ MC ကိုအားမာန် Daily Gita Band ၊ Additional Players တွေဖြစ်တဲ့ Violin – ကိုချမ်းဟိန်းကြွယ်၊ Saxophone – Philip Min Min၊ Harmony -Hangover နဲ့ Here & Now Dance Crew တို့ကလည်း ပါဝင်အားဖြေပေးကြမှာဖြစ်တယ်လို့ သိရပါတယ်။

Yoon Myat Thu’s Birthday Show မှာ တေးသီချင်းဖျော်ဖြေ တင်ဆက်မှုတွေအပြင် မွေးနေ့အမှတ်တရအနေနဲ့ ရေဘေးသင့်ဒေသများ ပြန်လည်ထူထောင်ရေးအတွက် အလှူငွေတွေကောက်ခံပေးသွားမယ့် အစီအစဉ်ကိုလည်း ထည့်သွင်းဆောင်ရွက်ထားတယ်လို့ သိရပါတယ်။

“အောက်တိုဘာ ၁၅ ရက်နေ့ Inya Lake Garden မှာ ကျင်းပပြုလုပ်မယ့် အယွန်းရဲ့ Birthday Show မှာ အမိုက်စား ဖျော်ဖြေတင်ဆက်သီဆိုမှုကို ချစ်ရတဲ့ပရိသတ်တွေ လာရောက်အားပေးကြဖို့ အယွန်းက ဖိတ်ခေါ် အပ်ပါတယ်ရှင့်။ ဖျော်ဖြေတင်ဆက်မှုတွေအပြင် အယွန်းရဲ့ မွေးနေ့ အမှတ်တရအနေနဲ့ ရေဘေးသင့်ဒေသများ ပြန်လည်ထူထောင်ရေးအတွက် အလှူငွေတွေကောက်ခံပေးမယ့် အစီအစဉ်လေး ရှိတာပါ။ အယွန်းနဲ့အတူ ကုသိုလ်ယူချင်တဲ့ ပရိသတ်တွေကိုလည်း ပွဲမှာ အလှူငွေများ ပါဝင်လှူဒါန်းနိုင်ဖို့ ဒီနေရာကနေ အသိပေးအပ်ပါတယ်”လို့ သူမက ဆက်ပြောပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post အကြမ်းဖက် မွန်ခွဲထွက်အဖွဲ့၏ Drop Bomb ချ တိုက်ခိုက်မှုကြောင့် မွန်လူမျိုးများ ထိခိုက်ဒဏ်ရာရရှိ