အကြမ်းဖက် မွန်ခွဲထွက်အဖွဲ့၏ Drop Bomb ချ တိုက်ခိုက်မှုကြောင့် မွန်လူမျိုးများ ထိခိုက်ဒဏ်ရာရရှိ

အောက်တိုဘာလ ၅ ရက်၊ နေ့လည် ၁၂ နာရီ ၂၀ မိနစ် အချိန်ခန့်က ကျိုက်မရောမြိုနယ်၊ တရနာကျေးရွာအုပ်စု၊ ကျွန်းကုန်းကျေးရွာအတွင်းသို အကြမ်းဖက် မွန်ခွဲထွက်အဖွဲမှ Drop Bomb ချ တိုက်ခိုက်ခဲ့ကြောင်း သိရပါတယ်။

အကြမ်းဖက် မွန်ခွဲထွက်အဖွဲ၏ Drop Bomb ချ တိုက်ခိုက်မှုကြောင့် ကျွန်းကုန်းကျေးရွာရှိ ဒေါ်မွန်လေး နေအိမ်ဈေးဆိုင်အနီး ဗုံးသီး (၁)လုံးကျရောက်ပေါက်ကွဲခဲ့ပြီး ဒေါ်မွန်လင်း ၄၀ နှစ်၊ (ဘ)ဦးဝင်း၊ (မွန်/ဗုဒ္ဓ) တွင် ယာဘက်ရင်အုံအထက် ဖေါက်ဝင်ဒဏ်ရာ(၁)ချက်(မစိုးရိမ်ရ)၊ မမိုးမြင့်စံ၊ ၁၁ နှစ်၊ မွန်/ဗုဒ္ဓ၊ ကျောင်းသူ(G-5)၊ ကျွန်းကုန်း(အ.လက) ကျောင်း၊ ကျွန်းကုန်းကျေးရွာနေသူ၌ ယာဘက်ပေါင် ဖေါက်ဝင်ဒဏ်ရာ(၁)ချက်(မစိုးရိမ်ရ)၊ ဟိန်းချစ်၊ ၃ နှစ်၊ မွန်/ဗုဒ္ဓ၌ ဝဲနားထင်အောက် သွေးထွက်ပေါက်ပြဲဒဏ်ရာ(၁)ချက်(မစိုးရိမ်ရ)တို့ရရှိခဲ့ကြောင်းသိရပါတယ်။

ယခုဖြစ်စဉ်မှာ ကျိုက်မရောမြိုနယ်အတွင်းရှိ ကျေးရွာများအား မီးရှိဖျက်ဆီးခဲ့သော အကြမ်းဖက် မွန်ခွဲထွက်အဖွဲ၏ မွန်လူမျိုးများအပေါ်  ဒုတိယအကြိမ်မြောက် အကြမ်းဖက်တိုက်ခိုက်ခဲ့ခြင်းဖြစ်တယ်လို့ဒေသခံတွေဆီကသိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post (၆-၁၀-၂၀၂၄)ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်
Next post အဆိုတော် ယွန်းမြတ်သူရဲ့ အသက် ၂၆ နှစ်ပြည့်မွေးနေ့ Yoon Myat Thu’s Birthday Show ကျင်းပမည်