(၆-၁၀-၂၀၂၄)ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်

(၆-၁၀-၂၀၂၄)ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်ကို ဖော်ပြပေးလိုက်ပါတယ်။

ပြည်တွင်းသတင်းများ

၁။ အခြေခံပညာရေးအတွင်း ဥပဒေပိုင်းဆိုင်ရာ အခြေခံအသိအမြင်များ သင်ကြားပိုချရန် နစကဥက္ကဋ္ဌ တိုက်တွန်း

၂။ မကွေးမြသလွန်စေတီတော်၏ (၂၅၈၈) ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်ကို ရက် (၂၀) ကြာ ကျင်းပမည်

၃။ ရေကြီးနစ်မြုပ်မှုကြောင့် မိုးစပါးသီးနှံ ထိခိုက်မှုရှိခဲ့သည့် စိုက်ခင်းများအတွက် တစ်ဧက ကျပ်တစ်သိန်းနှုန်းဖြင့် အတိုးမဲ့ ချေးပေးရန်လျာထား

၄။ ကမ္ဘာ့စာပိုတိုက်နေ့ အထိမ်းအမှတ် အထူးထုတ် စာပိုတံဆိပ်ခေါင်းသစ် အောက်တိုဘာလ (၉) ရက်နေ့တွင် ရောင်းချမည်

၅။ ဗဟိုဘဏ်မှ ဒေါ်လာ ၁၃ သန်းကျော် ထပ်မံထုတ်ရောင်း၍ နှစ်လကျော်အတွင်း ဒေါ်လာသန်း ၃၃၀ နီးပါး ထုတ်ရောင်းပေးထား

၆။ တပ်မတော်ကို သတင်းပိုမှုတွေကြောင့် လားရှိးမြိုလေကြောင်းတိုက်ခိုက်ခံရလိုဆိုကာ MNDAA က တပ်ဆင်ထားတဲ့ ဂြိုဟ်တုအင်တာနက်လိုင်းတွေကို ဖြတ်တောက်

၇။ မြိုသာစက်မှုဇုန်ရှိ မြန်မာ-တရုတ်ဖက်စပ် ဘီစကစ်စက်ရုံဓားပြတိုက်ခံရပြီး ငွေကျပ်သိန်း (၃၀၀)နှင့်ကားတစ်စီးကို လုယက်ယူဆောင်သွား

၈။ အောက်တိုဘာလ ၅ ရက်နေ့ ငွေလဲလှယ်နှုန်း၊ ရွှေဈေးနှုန်းနှင့် စက်သုံးဆီဈေးနှုန်းများမှာ ရွှေ ၁၆ ပဲရည် တစ်ကျပ်သား ၅,၃၈၇,၁၇၅ ကျပ်၊ ဒေါ်လာစျေးနှုန်း အဝယ် ၂၁၀၀ ကျပ်၊ အရောင်း ၂၁၀၀ ကျပ်၊ Octane 92 – ၂၉၅၅ ကျပ်၊ Octane 95 – ၃၁၅၀ ကျပ်၊ Diesel – ၂၅၇၀ ကျပ်၊ Premium Diesel – ၃၁၉၀ ကျပ်

နိုင်ငံတကာသတင်းများ

၁။ လာမယ့် အမေရိကန်သမ္မတရွေးကောက်ပွဲမှာ ငြိမ်းချမ်းမှုရှိမယ်လို အာမမခံနိုင်ကြောင်း သမ္မတ ဂျိုးဘိုင်ဒန် ပြော

၂။ အီရန်ကို လက်တုံပြန်တဲ့အနေနဲ့ နျူကလီးယားစက်ရုံတွေကို အစ္စရေးက တိုက်ခိုက်သင့်တယ်လို ရီပတ်ဘလစ်ကန် သမ္မတလောင်း ဒေါ်နယ်ထရမ့်ပြော

၃။ တာလီဘန်အဖွဲကို အကြမ်းဖက်အဖွဲစာရင်းကနေ ဖယ်ရှားပစ်ဖို ရုရှားအစိုးရလုပ်ဆောင်နေ

၄။ ယူကရိန်းကို စစ်လက်နက်ပစ္စည်းတွေထောက်ပံ့မှုနဲ့ပတ်သက်ပြီး ဂျာမနီမှာ လူထောင်ချီ ဆန္ဒပြ

၅။ ကာကွယ်ရေးကိုတိုးမြှင့်ဖို နဲ့ စစ်လက်နက်ပစ္စည်းတင်ပိုမှုကို မြှင့်တင်ဖို တောင်ကိုရီးယားအစိုးရ ကြိုးပမ်းနေ

၆။ ဒုတိယကမ္ဘာစစ်လက်ကျန် အမေရိကန်လုပ် ဗုံးပေါက်ကွဲမှုကြောင့် ပိတ်လိုက်ရတဲ့ ဂျပန်နိုင်ငံ၊ မီယာဇာကီလေဆိပ် ပြန်လည်ဖွင့်လှစ်

အားကစားသတင်းများ

၁။ ဖီဖာ နိုင်ငံတကာခြေစမ်းပွဲများ ကစားမည့် ကစားသမားများစာရင်းကို ယမန်နေ့ ညပိုင်းတွင် မြန်မာ နိုင်ငံဘောလုံးအဖွဲချုပ်(MFF)က အသိပေးထုတ်ပြန်ခဲ့

၂။ စပါးအသင်းခေါင်းဆောင် တံကောက်ကြောဒဏ်ရာကြောင့် ဆွန်ဟောင်မင်ဟာ ပွဲစဉ်အချိုနဲ့လွဲချော်

၃။ တားမြစ်ဆေးဝါး သုံးစွဲမှုကြောင့် ၄ နှစ် ကြာ ဆိုင်းငံ့ပြစ်ဒဏ်ချမှတ်ခံထားရတဲ့ ဂျူဗင်တပ်စ် ကွင်းလယ်လူ ပေါ ပေါ့ဘာဟာ ၁၈ လ သာ ဆိုင်းငံ့ပြစ်ဒဏ်ကို ရင်ဆိုင်ရတော့မှာဖြစ်

၄။ မန်ချက်စတာ ယူနိုက်တက်အသင်းဟာ အခုနှစ်ရာသီမှာ နည်းပြ အဲရစ်တန်ဟက် ကိုထုတ်ပယ်ခဲ့ပါက သောမတ်စ် တူချယ်လ်ကို အစားထိုးခန့်အပ်ရန်ဆွေးနွေးဖို ပြင်ဆင်

၅။ ကမ္ဘာ့အဆင့် ၁ တင်းနစ်မယ် အီဂါ ဆွီဝါတက် ဟာ ၃ နှစ်ကြာလက်တွဲခဲ့တဲ့ နည်းပြ တိုမက်စ် ဝစ်နိုရိုစကီ နဲ့လမ်းခွဲခဲ့ပြီး နည်းပြသစ်ရှာဖွေနေ

အနုပညာသတင်းများ

၁။ ရေဘေးသင့် ပြည်သူတွေရှိတဲ့ ရမည်းသင်းနဲ့ တာချီလိတ်တိုမှာ ဆက်လက်သွားရောက် လှူဒါန်းမယ်ဆိုတဲ့ ခိုင်နှင်းဝေ

၂။ သဲစုညိမ်းက စိတ်ဓာတ်မာတဲ့သူမို ကံကောင်းခြင်းတွေရလဒ်ကောင်းတွေရလာမယ်လို မျှော်လင့်ပါတယ်ဆိုတဲ့ ယွန်းဝင့်လွှာအောင်

၃။ အဆိုတော် ယွန်းမြတ်သူရဲ့ အသက် ၂၆ နှစ်ပြည့်မွေးနေ့ Yoon Myat Thu’s Birthday Show ကျင်းပမည်

Leave a Reply

Your email address will not be published. Required fields are marked *

Previous post The Princess Diaries 3 ထွက်လာမယ်လို့ Anne Hathaway တရားဝင်ကြေညာလာ
Next post အကြမ်းဖက် မွန်ခွဲထွက်အဖွဲ့၏ Drop Bomb ချ တိုက်ခိုက်မှုကြောင့် မွန်လူမျိုးများ ထိခိုက်ဒဏ်ရာရရှိ