The Princess Diaries 3 ထွက်လာမယ်လို့ Anne Hathaway တရားဝင်ကြေညာလာ

မင်းသမီးချော Anne Hathaway အဓိကပါဝင်သရုပ်ဆောင်ခဲ့တဲ့ drama အမျိုးအစား The Princess Diaries နဲ့ The Princess Diaries 2: Royal Engagement တို့ဟာ အောင်မြင်မှုများစွာရရှိခဲ့တာကြောင့် Disney ဟာ တတိယမြောက် Princess Diaries တစ်ကားကို ထပ်မံထုတ်လုပ်ဖို့ပြင်ဆင်နေပြီဖြစ်ပါတယ်။

The Princess Diaries 3 မှာ သရုပ်ဆောင် Anne Hathaway ကို Mia Thermopolis အဖြစ် ပြန်လည်မြင်တွေ့ရမှာဖြစ်ပြီး Anne Hathaway ကိုယ်တိုင်ကလည်း The Princess Diaries 3 မှာ ပြန်လည်ပါဝင်လာမှာဖြစ်ကြောင်းကို သူ(မ)ရဲ့ Instagram စာမျက်နှာမှာ တရားဝင်အတည်ပြုပေးခဲ့ပါသေးတယ်။

The Princess Diaries 3 ကို Dakota Johnson ရဲ့ ရုပ်ရှင်တစ်ကားဖြစ်တဲ့ High Note ရဲ့ ဇာတ်ညွှန်းဆရာမ Flora Greeson က ရေးသားပေးသွားမှာဖြစ်ပြီး Disney animated ရုပ်ရှင် Raya and the Last Dragon ဒါရိုက်တာ Adele Lim က တာဝန်ယူရိုက်ကူးပေးသွားမှာဖြစ်ပါတယ်။ သို့ပေမယ့် ပြသရက်နဲ့ အသေးစိတ်အချက်အလက်တွေကိုတော့ မသိရသေးပါဘူး။

The Princess Diaries နဲ့ sequel ဖြစ်တဲ့ The Princess Diaries 2: Royal Engagement တို့ဟာ ၂၀၀၁ ထုတ် The Princess Diaries ဝတ္ထုကို အ​ခြေခံထားတာဖြစ်ပြီး လူကြိုက်များတဲ့ရုပ်ရှင်တွေအဖြစ် ရပ်တည်လျက်ရှိပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post (၅-၁၀-၂၀၂၄) ရက်နေ့ ပြည်တွင်း ရွှေစျေး၊ နိုင်ငံခြား ငွေလဲလှယ်နှုန်း နှင့် စက်သုံးဆီဈေးနှုန်းများ