အသက်၂၆ နှစ်ပြည့်မွေးနေ့မှာ ထမင်း၊ ဟင်း လူအယောက် ၅၀၀ စာ စတုဒိသာကျွေးမွေး လှူဒါန်းခဲ့တဲ့ ဝေလာရီ

ရေနံ့သာခင်ခင်ကြီးနဲ့ ပရိသတ်အားပေးမှုအခိုင်အမာရရှိထားတဲ့ သရုပ်ဆောင်ဝေလာရီက အောက်တိုဘာ ၁ ရက်မှာ ကျရောက်တဲ့ အသက်၂၆ နှစ်ပြည့်မွေးနေ့မှာ ထမင်း၊ ဟင်း လူအယောက် ၅၀၀ စာ စတုဒိသာကျွေး‌မွေးမှုကို ရန်ကုန်မြို့ တောင်ဥက္ကလာပမြို့နယ်ရှိ ဇာနည် ၁၂ လမ်းမှာ လှူဒါန်းခဲ့ကြပါတယ်။

“ဝေလာ့အနေနဲ့ မွေးနေ့ကို ခုလို စတုဒိသာလူအများကြီးတော့ မလှူဖြစ်ပေမယ့် ဆန်၊ ဆီ စတာတွေ ဝေလှူတာတွေရှိတယ်။ ခုလိုသတ်သတ် ဒီလိုအလှူမျိုးတော့ မလုပ်ဖြစ်ကြဘူး။ အရင်လှူဖြစ်ပေမယ့်လေ။ ခုကတော့ ကိုယ့်မွေးနေ့မှာ ထမင်းတွေ အားရပါးရ မြိန်ရေရှက်ရေ စားတာမြင်ရတာ အရမ်းပီတိဖြစ်ရပါတယ်။ ဝေလာ့အနေနဲ့ ဒီအလှူအတွက် ပီတိလည်း ဖြစ်ရပါတယ်”လို့ သရုပ်ဆောင် ဝေလာရီကပြောပါတယ်။

သူမကတော့ ဓနုဖြူဒေါ်စောရီကနေ မှာယူထားတဲ့ ထမင်း၊ ကြက်သားဆီပြန်၊ ငါးဖယ်ဟင်းဆီပြန်၊ ဂေါ်ဖီကြော်၊ သီးစုံပဲ ကုလားဟင်း၊ ငါးပိရည်တို့စရာအစုံအလင်နဲ့ အအေး၊ မုန့်စတာတွေကို လူ‌အယောက် ၅၀၀ စာ စတုဒိသာလှူဒါန်းခဲ့ပါတယ်။

ဝေလာရီကတော့ လက်ရှိ “ကြင်ဖော်” ဇာတ်လမ်းတွဲကို စိုးပြည့်သဇင်၊ နော်ဖောအယ်ထား၊ မေပန်းချီ၊ နက္ခတ်၊ နေလင်းရှိန်း၊ နေထွဋ်၊ မှူးထိပ်ထား၊ ဆုမြတ်နိုးဇင်၊ အေးသီတာ၊ ဒေါ်ဒယ်ဘီ၊ ဝင်းမင်းသန်းတို့နဲ့အတူ ရိုက်ကူးထားတာလည်းဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post နစကဥက္ကဋ္ဌ မိသားစု၏ သန်းခေါင်စာရင်းဆိုင်ရာ အချက်အလက်များ ကောက်ယူ
Next post (၃-၁၀-၂၀၂၄) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်