(၃-၁၀-၂၀၂၄) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်

(၃-၁၀-၂၀၂၄) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်ကို ဖော်ပြပေးလိုက်ပါတယ်။

ပြည်တွင်းသတင်းများ

၁။ နိုင်ငံတစ်ဝန်း သန်းခေါင်စာရင်းကောက်ယူခြင်းကို ယမန်နေ့ စတင်ကောက်ယူ၊ နံနက် ၇ နာရီမှ ညနေ ၆ နာရီအတွင်းသာ ကောက်ယူမည်ဖြစ်ကာ နေအိမ်များသို ကောက်ယူမည့်နေ့ကို ကြိုတင်အကြောင်းကြားမည်

၂။ ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ အာရှပူးပေါင်းရေးဆိုင်ရာ ထိပ်သီးအစည်းအဝေး တက်ရောက်ရန် ထွက်ခွာ

၃။ တိုင်ဖွန်းမုန်တိုင်း KRATHON မှာ ထိုင်ဝမ်ကျွန်းသို ဝင်ရောက်ပြီး အားပျော့သွားနိုင်သောကြောင့် တိုင်းနှင့် ပြည်နယ်များတွင် မိုးရွာသွန်းမှု တဖြည်းဖြည်း လျော့နည်းသွားမည်

၄။ အပြည်ပြည်ဆိုင်ရာမြန်မာလေကြောင်း (MAI) က မြန်မာနိုင်ငံတွင် အလုပ်လုပ်ကိုင်ရန် အကောင်းဆုံးကုမ္ပဏီအဖြစ် BCIM ဆုရရှိပြီး မြန်မာနိုင်ငံ၌ အဆိုပါဆုရရှိသည့် ပထမဆုံး လေကြောင်းလိုင်းအဖြစ် စာရင်းဝင်

၅။ မွန်ပြည်နယ်အတွင်း လူဦးရေနှင့်အိမ်အကြောင်းအရာ၊ သန်းခေါင်စာရင်း စတင်ကောက်ယူနေ

၆။ မြိုင်မြိုနယ် စိုကန်ကျေးရွာကို အကြမ်းဖက်တွေ ဝင်ရောက်စီးနင်းပြီး ဒေသခံများထံမှ ပစ္စည်းများ လုယက်ယူဆောင်သွား

၇။ ဆုံရွာပြည်သူ့စစ်ကျေးရွာကို အကြမ်းဖက်တွေ ဒရုန်းဖြင့် ဗုံးသီး (၄၀) ခန့် ကြဲချ တိုက်ခိုက်

၉။ အောက်တိုဘာလ ၂ ရက်နေ့ ငွေလဲလှယ်နှုန်း၊ ရွှေဈေးနှုန်းနှင့် စက်သုံးဆီဈေးနှုန်းများမှာ ရွှေ ၁၆ ပဲရည် တစ်ကျပ်သား ၅,၃၆၂,၇၈၅ ကျပ်၊ ဒေါ်လာစျေးနှုန်း အဝယ် ၂၁၀၀ ကျပ်၊ အရောင်း ၂၁၀၀ ကျပ်၊ Octane 92 – ၃၁၃၅ ကျပ်၊ Octane 95 – ၃၂၉၀ ကျပ်၊ Diesel – ၂၅၈၅ ကျပ်၊ Premium Diesel – ၃၂၃၀ ကျပ်

နိုင်ငံတကာသတင်းများ

၁။ အစ္စရေးကို တိုက်ခိုက်မှု အဆုံးသတ်လိုက်ပြီဖြစ်ကြောင်း အီရန်ပြောကြား

၂။ အစ္စရေးကို တိုက်ခိုက်သဖြင့် အီရန်အမှားကြီးမှားသွားပြီဖြစ်ကာ ၎င်းအတွက် ပြန်လည်ပေးဆပ်ရမည်ဟု နေတန်ယာဟု သတိပေး

၃။ တရုတ်နိုင်ငံတည်ထောင်ခြင်း ၇၅ နှစ်ပြည့် ဥရောပခေါင်းဆောင်များ ဂုဏ်ပြု

၄။ အရှေ့အလယ်ပိုင်း ပဋိပက္ခကို ကျယ်ပြန့်သည်ထက် ကျယ်ပြန့်အောင် ပြုလုပ်နေမှု ဂူတားရက်စ် ရှုတ်ချ

၅။ နော်ဝေ-ရုရှားနယ်စပ်ကို ခြံစည်းရိုးခတ်ဖို နော်ဝေနိုင်ငံ စဉ်းစားနေ

၆။ နျူကလီးယားလက်နက်တွေအသုံးပြုခဲ့မယ်ဆိုရင် မြောက်ကိုရီးယားအစိုးရ အဆုံးသတ်သွားမယ်လို တောင်ကိုရီးယားအစိုးရသတိပေး

အားကစားသတင်းများ

၁။ MLB အနေနဲ့ ပြောင်းလဲလိုက်တဲ့ စည်းမျဉ်းသတ်မှတ်ချက်များကြောင့် ကွင်းအတွင်း ပရိသတ် ဝင်ရောက်မှုနှုန်း မြင့်တက်

၂။ အသက် ၄၀ အရွယ် ဘာစီလိုနာ ဂန္ထဝင်ကစားသမားကြီး အင်နီယေစတာဟာ ဘောလုံးသမားဘဝမှ အနားယူလိုက်ပြီလို ကြေညာ

၃။ အားဂျင်တီးနား တရားရုံးတစ်ခုဟာ ဂန္ထဝင် ဘောလုံးကစားသမားကြီး ဒီယေဂို မာရာဒိုရဲ့ ရုပ်အလောင်းကို ဂူဗိမာန်တစ်ခုဆီ ပြောင်းရွှေ့ဖိုအတွက် ခွင့်ပြု

၄။ အနီကတ်ပြသခံခဲ့ရတဲ့ မန်ယူအသင်းခေါင်းဆောင် ဘရူနိုဖာနန်ဒက်စ်ဟာ အယူခံဝင်ရာမှာ အောင်မြင်ခဲ့

၅။ ဆွစ်ဇာလန်နိုင်ငံမှာ ကျင်းပမယ့် အမျိုးသမီး ယူရို ၂၀၂၅ ပြိုင်ပွဲအတွက် လက်မှတ်ပေါင်း ၇သိန်း ၂သောင်း အထိရောင်းချနိုင်ဖို မျှော်လင့်ထား

အနုပညာသတင်းများ

၁။ ဇာတ်ညွှန်းရဲ့ ဖန်တီးမှုတွေကြောင့် အရက်နဲ့လူနဲ့မြည်းမလိုဖြစ်သွားတာပါဆိုတဲ့ နေတိုး

၂။ အချစ်ဇာတ်လမ်းပုံစံ “အမုန်းမြစ်ကမ်းပါး” ဇာတ်လမ်းတွဲသစ် Press Conference Show ပွဲ ကျင်းပ

၃။ သူများနိုင်ငံထက် ကိုယ့်မြန်မာနိုင်ငံက Save ဖြစ်လို မြန်မာနိုင်ငံပြန်လာပြီး အခြေချတာပါဆိုတဲ့ ချိုမာ

Leave a Reply

Your email address will not be published. Required fields are marked *

Previous post အသက်၂၆ နှစ်ပြည့်မွေးနေ့မှာ ထမင်း၊ ဟင်း လူအယောက် ၅၀၀ စာ စတုဒိသာကျွေးမွေး လှူဒါန်းခဲ့တဲ့ ဝေလာရီ
Next post (၃-၁၀-၂၀၂၄) ရက်နေ့ ပြည်တွင်း ရွှေစျေး၊ နိုင်ငံခြား ငွေလဲလှယ်နှုန်း နှင့် စက်သုံးဆီဈေးနှုန်းများ