စက်တင်ဘာ လကုန်ရက်နှင့် အောက်တိုဘာ လဆန်းပိုင်း များတွင် နိုင်ငံအနှံ့ မိုးပြန်ရွာနိုင်

လေဖိအားနည်းရပ်ဝန်း 23W(ဖိလစ်ပိုင်အမည် JULIAN)ရဲ့ အရှိန်က တရုတ်ပြည်မြောက်ပိုင်းမှာရှိနေတဲ့ မိုးတိမ်တောင်တွေကို အနောက်တောင်ဘက်သို့ ရွေ့လျားမှာဖြစ်ကြောင်း ဂြိုဟ်တုလှုပ်ရှားမှုပုံရိပ်တွေနဲ့ MODEL ကြိုတင်ခန့်မှန်းချက်တွေမှာ တွေ့ရပါတယ်။

အဲ့ဒီဖြစ်စဉ်က မြန်မာနိုင်ငံအရှေ့မြောက်ပိုင်းနဲ့ အလယ်ပိုင်းဒေသတွေအထိ အရှေ့မြောက်ဘက်က လေပွေလှိုင်းတွေနဲ့ မိုးတိမ်တောင်တွေ ရွေ့လျားဝင်ရောက်လာစေပြီး စက်တင်ဘာလကုန်ရက်များမှ စတင်ကာ အောက်တိုဘာလ ပထမ ရက်သတ္တပတ် တစ်ပတ်အတွင်း မိုးရွာသွန်းမှုတွေဖြစ်လာစေနိုင်ပါတယ်။

သို့ပါ၍ ဧရာဝတီနဲ့ ချင်းတွင်းမြစ်တို့မြစ်ဖျားခံရာဒေသတွေဖြစ်တဲ့ ကချင်ပြည်နယ်နဲ့ စစ်ကိုင်းတိုင်းအထက်ပိုင်း ဒေသတွေ အပြင်၊ ရခိုင်ပြည်နယ်မြောက်ပိုင်းနဲ့ ချင်းပြည်နယ်တောင်ပိုင်းဒေသတွေမှာပါ မိုးကြီးနိုင်မဲ့ အခြေအနေတွေ အောက်တိုဘာ လဆန်းပိုင်းရက်များအတွင်း ဖြစ်ပေါ်နိုင်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post The Mask Singer ရဲ့ ကယ်လီယိုပက်ထရာ မျက်နှာဖုံး ပိုင်ရှင် ထပ်ဆင့်အကယ်ဒမီ စိုးပြည့်သဇင်
Next post (၂၈-၉-၂၀၂၄) ရက်နေ့ ပြည်တွင်း ရွှေစျေး၊ နိုင်ငံခြား ငွေလဲလှယ်နှုန်း နှင့် စက်သုံးဆီဈေးနှုန်းများ