(၁၁-၉-၂၀၂၄) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်

(၁၁-၉-၂၀၂၄) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်ကို ဖော်ပြပေးလိုက်ပါတယ်။

ပြည်တွင်းသတင်းများ

၁။ ရွေးကောက်ပွဲတွင်သုံးမည့် မြန်မာအီလက်ထရောနစ်မဲပေးစက် အသုံးပြုခြင်းဆိုင်ရာ နည်းပြဆရာဖြစ်သင်တန်း ဖွင့်လှစ်

၂။ ဒေါ်လာဈေး ဆက်တိုက်ကျနေချိန်တွင် ဗဟိုဘဏ်က တစ်ဒေါ်လာ ၃၅၀၂ ကျပ်ဖြင့် ဒေါ်လာ ၁၀ သန်းကျော် ထုတ်ရောင်းပေး

၃။ တိုင်းရင်းသားလက်နက်ကိုင်မဟာမိတ် (၇)ဖွဲ (၂)ရက်ကြာ တွေ့ဆုံဆွေးနွေးပွဲပြုလုပ်

၄။ ရွှေကုက္ကိုလ် ဒေသတွင် နာမည်ကြီး ရထိုက်စုပေါင်းရုံး၏ လုပ်ငန်းများ အပြီးတိုင် ဖျက်သိမ်းမည်ဟု ကြေညာ

၅။ ဦးအောင်ကြည်ညွန့်၏ သမီးနှင့် သားမက်က ယင်းမာပင် PDF ၏ အလှူငွေများကို လိမ်လည်

၆။ မန္တလေးရှိ “ချောင်ချောင်”ရွှေဆိုင်ပိုင်ရှင်နေအိမ် ဓားပြတိုက်ခံရကာ ရွှေထည်(၁၀)ပိဿာခန့် နှင့် ငွေကျပ်သိန်း(၁၀၀၀)ခန့် ပါသွား

၇။ လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့သော နမ့်ခမ်းညဈေးနေရာမှာ TNLA များ ရောက်ရှိ စိမ့်ဝင်နေထိုင်သောနေရာဖြစ်ကြောင်း ဒေသခံပြော

၈။ စက်တင်ဘာလ ၁၀ရက်နေ့ ငွေလဲလှယ်နှုန်း၊ ရွှေဈေးနှုန်းနှင့် စက်သုံးဆီဈေးနှုန်းများမှာ ရွှေ ၁၆ ပဲရည် တစ်ကျပ်သား ၅,၀၄၄,၈၉၇ ကျပ်၊ ဒေါ်လာစျေးနှုန်း အဝယ် ၂၁၀၀ ကျပ်၊ အရောင်း ၂၁၀၀ ကျပ်၊ Octane 92 – ၃၂၁၅ ကျပ်၊ Octane 95 – ၃၃၅၅ ကျပ်၊ Diesel – ၂၇၁၀ ကျပ်၊ Premium Diesel – ၃၃၉၅ ကျပ်

နိုင်ငံတကာသတင်းများ

၁။ နျူကလီးယားလက်နက်အရေအတွက်ကို တိုးမြှင့်သွားမည်ဟု ကင်မ်ဂျုံအန်ပြော

၂။ ဖိလစ်ပိုင်နှင့် ဆက်ဆံရေး လမ်းဆုံလမ်းခွ ရောက်နေပြီဟု တရုတ်ပြော

၃။ အမေရိကန်သမ္မတရွေးကောက်ပွဲတွင် ဒေါ်နယ်ထရမ့် အနိုင်ရရန် အလားအလာများနေဟု ဆို

၄။ ခြိမ်းခြောက်မှုအသစ်များကို ရင်ဆိုင်ရန်အတွက် ကာကွယ်ရေး အသုံးစရိတ်ကို တိုးမြှင့်သွားမည်ဟု နယ်သာလန်အစိုးရ ပြော

၅။ ဖီယူထိုင်းအပါအဝင် ပါတီခြောက်ခုကို ဖျက်သိမ်းပေးဖို တိုင်တန်းလွှာတစ်စောင် ရွေးကောက်ပွဲကော်မရှင်ထံ တင်ပြလာ

၆။ စစ်သည်တွေ စိတ်ဓာတ်ကျဆင်းနေတယ်လို သတင်းတွေထွက်နေချိန် ယူကရိန်းစစ်တပ်က အရပ်သားတွေကို စစ်သင်တန်းလေ့ကျင့်သင်ကြား

အားကစားသတင်းများ

၁။ AYA Pay Futsal Championship 2024 ပြိုင်ပွဲတွင် MIU FC အသင်းဗိုလ်စွဲ

၂။ မိုနာကို အသင်းရဲ့တိုက်စစ်မှူးဟောင်း ဘန်ယက်ဒါဟာ လိင်ပိုင်းဆိုင်ရာကျူးလွန်ဖို ကြိုးပမ်းခဲ့တာကြောင့် ဖမ်းဆီးခံရ

၃။ နေရှင်းလိဂ်ပြိုင်ပွဲရဲ့ အုပ်စုဒုတိယပွဲစဉ်တွေယှဉ်ပြိုင်ခဲ့တဲ့ ရက်သတ္တပတ်မှာတော့ အီတလီအသင်းက အမှတ်ပေးဇယားကို ဦးဆောင်နေ

၄။ မာလီကင် ကို လေးစားမှုနဲ့ စိန်ခေါ်တာပါ ဆိုတဲ့ အာဒိုဂန်

၅။ နော်ဝေအသင်းအတွက် ပါဝင်ကစားရင်း ခြေကျင်းဝတ်ဒဏ်ရာရခဲ့တဲ့ အိုဒီဂတ်

အနုပညာသတင်းများ

၁။ မြန်မာပြည်က ယောက်ျားလေးတွေနဲ့ ဖူးစာဘက်မရှိရင် ထိုင်းမင်းသားတစ်ယောက်ကို ဖူးစာရှာဖိုကြံနေတယ်ဆိုတဲ့ ပိုပို

၂။ ရှမ်းကိုးမီး (အော်တိုနှစ်ဆ) ရုပ်ရှင်ဇာတ်ကားကြီးမှာ စွန့်စွန့်စားစားရိုက်ခဲ့ရတဲ့ ဇာတ်ဝင်ခန်းတွေပါတယ်ဆိုတဲ့ ညိုမင်းလွင်

၃။ Blackpink အဖွဲဝင် ဂျန်းနီ၏ တစ်ကိုယ်တော်သီချင်းသစ် အောက်တိုဘာတွင်ထွက်မည်

Leave a Reply

Your email address will not be published. Required fields are marked *

Previous post “နှောင်” ရုပ်ရှင်ဇာတ်ကားကြီး 𝐓𝐑𝐀𝐈𝐋𝐄𝐑 𝐋𝐀𝐔𝐍𝐂𝐇 အခမ်းအနားကျင်းပ
Next post ၃၁ နှစ်အကြာ ကလောတွင် တကျော့ပြန်ရေကြီးမှုဖြစ်ပွား