ဖေဖေ အာကာစိုး မေမေဗီဗာဟိန်းတို့ရဲ့ သားဦးလေး ဗိုလ်ဗီဗာဟိန်း တစ်နှစ်ပြည့် မွေးနေ့အလှူကျင်းပ

ကိုအာကာစိုးနဲ့ အဆိုတော်ဗီဗာဟိန်းရဲ့သားလေး ဗိုလ်ဗီဗာဟိန်းဟာ ယနေ့ဩဂုတ်လ ၁၈ ရက်နေ့မှာ ၁ နှစ်ပြည့်သွားခဲ့တာဖြစ်ပြီးမွေးနေ့ကုသိုလ်အလှူအဖြစ် ရွှေဟင်္သာ တိုက်ကျောင်းသစ်မှာ ကျောင်းရှိသံဃာများအားဆွမ်းဆပ်ကပ်လှူဒါန်းခဲ့ကာ အဆိုပါမွေးနေ့ပွဲကို အန်တီချိုပြုံး၊ ရွှေရည်သိန်းတန်းတို့မှ တက်ရောက်ခဲ့ကြတာဖြစ်ပါတယ်။

“ဗီဗာလို သားသားကို အဆိုတော်ဖြစ်စေချင်ပါတယ်။ တချို့က မေမေနဲ့တူသလို ဖေဖေနဲ့တူတာတွေလည်း ရှိတယ်။ သားသားက ဖေဖေကို ပိုကပ်တာများတယ်။ သားသားက ကြော်ငြာတွေလာရင် အရမ်းသဘောကျတယ်။ ယောက်ျားလေးမို့ သန်လည်းသန်တယ် မနည်းထိန်းရတယ်။ သားသားက ၃၅ ပေါင်ရှိတော့ ဗီဗာအကြာကြီး မချီနိုင်ဘူး။ ဗီဗာရဲ့ ဖေဖေ၊ မေမေ၊ ကိုကြီးတို့ ဆုံးတာ နှစ်နှစ်ပြည့်ခဲ့ပါပြီ။ ဒီနေ့မှာ ကုသိုလ်တွေ ပြုသမျှ ထပ်တူရပါတယ် ဆုတောင်းပါတယ်” လို့ တေးသံရှင် ဗီဗာဟိန်းက ပြောပါတယ်။

အဆိုပါအခမ်းအနားမှာတော့ နမောတဿ သုံးကြိမ်ရွတ်ဆိုပြီး ဆရာတော်ဆီက တရားတော်နာယူပြီးတော့ ဝါဆိုသင်္ဃန်းကပ်ခြင်း၊ ကျောင်းတိုက်ရှိ သံဃာတော် ၆၁ ပါးကို နေ့ဆွမ်း၊ ဝတ္ထုငွေ ဆပ်ကပ်လှူဒါန်းမှာ ဖြစ်ပါတယ်။ သားလေး ဗိုလ်ဗီဗာဟိန်းလေး ကြီးလာရင် ဖြစ်ချင်တာတွေ ပါရမီဖြည့်ဆည်းပေးသွားမယ်လို့ သိရပါတယ်။

“သားသားက ဗီဗာတို့ ဖေဖေ၊ မေမေ၊ ကိုကြီး တစ်ယောက်ယောက် ပြန်ဝင်စားလာတယ်လို့ ထင်မိတယ်။ နှစ်တွေဘယ်လောက်ကြာကြာ ဗီဗာရဲ့ကွယ်လွန်သွားတဲ့ မိဘတွေကို သတိရနေတုန်းပါပဲ။ ဗီဗာစိတ်ဆင်းရဲ ဒုက္ခရောက်နေချိန်မှာ အကောင်းဆုံး စောက်ရှောက်ပေးလို့ ခင်ပွန်းကို အရမ်းလည်းချစ်ပါတယ်။ ဗီဗာက တကယ်ဆိုရင် သမီးလေးတစ်ယောက်လောက်တော့ ထပ်လိုချင်ပါတယ်”လို့ သူမက ဆက်ပြောပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post အဖွားဖြစ်သူ (၉၂)နှစ်ပြည့် မွေးနေ့အတွက် ဆုမွန်တောင်းပြီး အလှဓာတ်ပုံများ မျှဝေလာသော သရုပ်ဆောင် စမိုလ်း
Next post ပြည်ပြေးအဖြစ်နေထိုင်နေတဲ့ ဗြိတိန်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးဟောင်း ဦးကျော်စွာမင်းကို စုံစမ်းစစ်ဆေးနေတဲ့ ဗြိတိန်ရဲတပ်ဖွဲ့