ပြည်ပြေးအဖြစ်နေထိုင်နေတဲ့ ဗြိတိန်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးဟောင်း ဦးကျော်စွာမင်းကို စုံစမ်းစစ်ဆေးနေတဲ့ ဗြိတိန်ရဲတပ်ဖွဲ့

ပြည်ပြေးအဖြစ်နေထိုင်နေရတဲ့ မြန်မာနိုင်ငံဆိုင်ရာ သံအမတ်ကြီးဟောင်းတစ်ဦးကို ခွင့်ပြုချက်မရဘဲ သံရုံးအဆောက်အဦးကို ချိုးဖောက်မှုတွေလုပ်ဆောင်ခဲ့တဲ့အတွက် ဗြိတိန်ရဲတပ်ဖွဲ့ဟာ စုံစမ်းစစ်ဆေးလျက်ရှိနေတယ်လို့ Reuters နဲ့ US News တို့ရဲ့ ရေးသားဖော်ပြချက်အရ သိရပါတယ်။

မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ်က အာဏာရယူမှုဖြစ်ပွားခဲ့ပြီးနောက်ပိုင်း ဗြိတိန်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးဟောင်း ဦးကျော်စွာမင်းဆိုသူဟာ ဗြိတိန်နိုင်ငံလန်ဒန်မြို့ရှိ သံတမန်အိမ်ယာအဆောက်အဦးကနေ ထွက်ပေးဖို့ ငြင်းဆန်တာမျိုးတွေရှိခဲ့ကြောင်း သိရပါတယ်။

မြန်မာနိုင်ငံမှာ အာဏာရယူမှုဖြစ်ပွားခဲ့ပြီးနောက် ဦးကျော်စွာမင်းဟာ မြန်မာသံရုံးကို လအတန်ကြာပိတ်ထားခဲ့ရာ နစကအနေဖြင့် ၎င်းနေရာမှာ သံအမတ်ကြီးအသစ်တစ်ဦးနဲ့အစားထိုးခဲ့ရတယ်လို့ ဆိုပါတယ်။

ဗြိတိန်အစိုးရဟာ ပြီးခဲ့တဲ့နှစ်မှာ သံအမတ်ကြီးဟောင်း ဦးကျော်စွာမင်းကို သံတမန်အိမ်ယာအဆောက် အဦးကနေ ထွက်ခွာဖို့ တိုက်တွန်းတောင်းဆိုခဲ့ကြောင်းသိရပါတယ်။

ဒီသီတင်းပတ်အစောပိုင်းမှာတော့ ဗြိတိန်ရဲတပ်ဖွဲ့တွေဟာ ဦးကျော်စွာမင်းကို သံတမန်အဆောက်အဦးကို ချိုးဖောက်တယ်ဆိုတဲ့ စွပ်စွဲချက်များနဲ့ပတ်သက်ပြီး စုံစမ်းမေးမြန်းခဲ့ကြောင်း ၎င်းရဲ့ရှေ့နေဖြစ်သူ Neil Swift ကပြောပါတယ်။

သံအမတ်ကြီးဟောင်း ဦးကျော်စွာမင်းဟာ ပြစ်မှုထင်ရှားမယ်ဆိုရင် ထောင်ဒဏ် ၆ လ သို့မဟုတ် ငွေဒဏ် နဲ့ ဒဏ်နှစ်ရပ်လုံးချခံရဖွယ်ရှိနေကြောင်းသိရပါတယ်။

အဆိုပါကိစ္စနဲ့ပတ်သက်ပြီး လန်ဒန်မြို့ရှိ မြန်မာသံရုံး၊ ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးဌာနရုံး၊ လန်ဒန်ရဲတပ်ဖွဲ့တွေက တစ်စုံတရာမှတ်ချက်ပြုပြောဆိုခြင်းမရှိသေးကြောင်းသိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post ဖေဖေ အာကာစိုး မေမေဗီဗာဟိန်းတို့ရဲ့ သားဦးလေး ဗိုလ်ဗီဗာဟိန်း တစ်နှစ်ပြည့် မွေးနေ့အလှူကျင်းပ
Next post တစ်ဦးချင်းဆုတံဆိပ်တွေနှင့်အတူ လိဂ်ဖလားချန်ပီယံ ဖြစ်လာတဲ့ မက်ဆီရဲ့ အင်တာမိုင်ယာမီ