ထိုင်းဘုရင့်ဖလား ပိုက်ကျော်ခြင်းပြိုင်ပွဲမှာ မြန်မာက ရွှေ၊ ငွေ၊ ကြေး တစ်ခုစီ ဆွတ်ခူးထား

စက်တင်ဘာလ ၇ ရက်

ထိုင်းဘုရင့်ဖလားပိုက်ကျော်ခြင်းပြိုင်ပွဲမှာ ဝင်ရောက်ယှဥ်ပြိုင်နေတဲ့ မြန်မာ့လက်ရွေးစင်အသင်းဟာ ရွှေ၊ ငွေ၊ ကြေး တစ်ခုစီ ဆွတ်ခူးထားနိုင်တယ်လို့ သိရပါတယ်။

ထိုင်းဘုရင့်ဖလားပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်နေတဲ့ မြန်မာ့လက်ရွေးစင် ပိုက်ကျော်ခြင်းအသင်းဟာ Mixed Regu Event (၅) သင်း အုပ်စုပတ်လည်စနစ်မှာ ရွေတံဆိပ်ဆုကို အရယူနိုင်ခဲ့တာပဲဖြစ်ပြီး မြန်မာအသင်းဟာ ပြိုင်ဘက်အသင်း (၄) သင်းစလုံးကို အနိုင်ယူပြီးတော့ ရွှေတံဆိပ်ဆုကို အရယူနိုင်ခဲ့တာပါ။

အခုလက်ရှိ အချိန်မှာဆိုရင် မြန်မာအသင်းက ရွေတံဆိပ်ဆု (၁)ခု၊ ငွေတံဆိပ်ဆု (၁)ခုနဲ့ ကြေးတံဆိပ်ဆု (၁)ခု ဆွတ်ခူးထားနိုင်ပြီဖြစ်ပြီး ကြေးတံဆိပ်ကို Mixed Quadrant Event ပြိုင်ပွဲအကြိုဗိုလ်လုပွဲမှာ လာအိုအသင်းကို ရှုးနိမ့်တာကြောင့် မလေးရှားနဲ့ ပူးတွဲတတိယ ရခဲ့တာပါ။ ငွေတံဆိပ်ဆုကိုတော့ မြန်မာပိုက်ကျော်ခြင်း အမျိုးသမီး လက်ရွေးစင်အသင်းက အမျိုးသမီး ကွင်းသွင်းခြင်းခတ်ကစားနည်း (Women Hoop Event) ကနေ မြန်မာနိုင်ငံအတွက် ငွေတံဆိပ်ဆု တစ်ခုကို ဗွေဆော်ဦး အရယူပေးနိုင်ခဲ့တာဖြစ်ပြီး မြန်မာအမျိုးသမီးအသင်းဟာ ရမှတ် ၇၀၀ နဲ့ ငွေတံဆိပ်ဆုကိုရရှိခဲ့တာပဲဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post ပထမဦးဆုံးအိမ်ထောင်ရေး ဟဲဗီးဒရာမာ “မသဲကွဲသော အိပ်မက်” ဇာတ်လမ်းတွဲမှာ အကောင်းဆုံး ကြိုးစားထားတယ် ဆိုတဲ့ အောင်ရဲလင်း
Next post (၇-၉-၂၀၂၄) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်