ကွာရှင်းကြတော့မယ့် Jennifer Lopez နဲ့ Ben Affleck

ဟောလိဝုဒ်က အထင်ကရစုံတွဲတစ်တွဲဖြစ်တဲ့ အဆိုတော် Jennifer Lopez နဲ့ သရုပ်ဆောင် Ben Affleck တို့ စုံတွဲဟာ နောက်ထပ်ပြန်ဆုံကြပေမယ့်လည်း ယခုအခါမှာတော့ ရေစက်ကုန်ခဲ့ပြီလို့ပြောရတော့မယ့်ပုံပါပဲ။ Jennifer Lopez နဲ့ Ben Affleck တို့ဟာ ၂၀၂၂ မှာ လက်ထပ်ခဲ့ကြတာဖြစ်ပြီး အိမ်ထောင်သက် ၂ နှစ်ကျော်အကြာမှာတော့ တရားဝင် လမ်းခွဲခဲ့ကြပြီ ဖြစ်ပါတယ်။

Jennifer Lopez ကတော့ သူ(မ)ဘက်က တရားဝင် ကွာရှင်းဖို့ လွန်ခဲ့တဲ့ ဧပြီလ ၂၆ ရက်နေ့မှာကပဲ L.A. County Superior Court တရားရုံးမှာ ဥပဒေအကျိုးဆောင်ရှေ့နေမပါပဲ သူ(မ)ကိုယ်တိုင် ဦးတိုက်လျှောက်ထားခဲ့တာဖြစ်ပြီး ဒီကနေ့မှာတော့ ကွာရှင်းပြတ်စဲမှုဟာ တရားဝင်ဖြစ်သွားခဲ့ပြီဖြစ်ပါတယ်။

Jennifer Lopez နဲ့ Ben Affleck တို့ဟာ ၂၀၂၁ မှာ တွေ့ဆုံခဲ့တာဖြစ်ပြီး ၂၀၂၂ ခုနှစ် ဇူလိုင်လမှာ Las Vegas တွင် လက်ထပ်ခဲ့ကြပေမယ့်လည်း ယခုအခါမှာတော့ အခုလို လမ်းခွဲခဲ့ရပြီဖြစ်ပါတယ်။

Lopez နဲ့ Affleck တို့ဟာ ဇာတ်ကားနှစ်ကားကို အတူရိုက်ကူးခဲ့ပြီးနောက်မှာတော့ တစ်ကားကို ရုံတင်ချိန်မှာ သူတို့ နှစ်ယောက်ရဲ့ ဆက်ဆံရေးကို အခုလိုရပ်စဲခဲ့တာပါ။ Lopez ကတော့ စီးပွားရေးနဲ့ သူ့ကလေးတွေကို ပိုမို အချိန်ပေးချင်တာ အပါအဝင် သူမရဲ့ ဖျော်ဖြေမှုအလုပ်တွေကြောင့် Ben Affleck နဲ့ တရားဝင် လမ်းခွဲလိုက်တာဖြစ်ပါတယ်လို့ ဆိုပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post ဒုတိယဝန်ကြီး ဦးလွင်ဦး ကုလသမဂ္ဂလူဦးရေ ရန်ပုံငွေအဖွဲ့ (UNFPA) ၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ်အား လက်ခံတွေ့ဆုံ
Next post အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီနှင့် နိုင်ငံရေးပါတီများအစုအဖွဲ့၏ အလုပ်အဖွဲ့တို့ နေပြည်တော်တွင် တွေ့ဆုံဆွေးနွေး