ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နင်းရေး ဗဟိုကြီးကြပ် ကွပ်ကဲမှုအဖွဲ့ ဖွဲ့စည်း

ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နင်းရေးဗဟိုကြီးကြပ်ကွပ်ကဲမှုအဖွဲ့ကို သြဂုတ် ၁၆ ရက်နေ့က ဖွဲ့စည်းလိုက်ကြောင်း နစက-က သတင်းထုတ်ပြန်ခဲ့သည်။

အဆိုပါ အဖွဲ့ကို အဖွဲ့ဝင် ၁၄ ဦးဖြင့် ဖွဲ့စည်းခဲ့ခြင်း ဖြစ်ပြီး ဥက္ကဋ္ဌအဖြစ် နယ်စပ်ရေးရာဝန်ကြီးက တာဝန်ယူမည် ဖြစ်ပြီး ဒုဥက္ကဋ္ဌ(၁)အဖြစ် ဒုတိယကာကွယ်ရေးဝန်ကြီး၊ ဒုဥက္ကဋ္ဌ(၂) ဒုတိယပြည်ထဲရေးဝန်ကြီးတို့က တာဝန်ယူမည် ဖြစ်သည်။

ထို့နောက် တွဲဖက်စစ်ရေးချုပ်၊ တွဲဖက်စစ်ထောက်ချုပ်၊ တိုင်းစစ်ဌာနချုပ်အားလုံးမှ ဒုတိယတိုင်းမှူးများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အားလုံးမှ နယ်လုံဝန်ကြီးများ၊ ရဲချုပ်၊ မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့ ဌာနချုပ်မှူး၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) စီမံရေးနှင့်တာဝန်ဌာနမှ စစ်ဦးစီးဗိုလ်မှူးကြီး၊ ပြည်သူ့စစ်နှင့်နယ်ခြားတပ်များ ညွှန်ကြားရေးမှူးရုံးမှ ဒု-ညွှန်ချုပ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်၊ မီးသတ်ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်တို့က အဖွဲ့ဝင် များဖြစ်သည်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post (၁၉-၈-၂၀၂၄) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်
Next post ပေါ်ဆန်းဆန်ကို အရန်ဆန်အဖြစ် ထားရှိနိုင်ရေး စီစဉ်ဆောင်ရွက်နေ