မီး ရုပ်ရှင်ဇာတ်ကားကြီးမှာ ပါဝင်ထားတဲ့ အနုပညာရှင်တွေနဲ့ ပရိသတ်တွေ အမှတ်တရတွေ့ဆုံပွဲ ကျင်းပ

ပရိသတ်အကြိုက်တွေ့စေမယ့် ခပ်ကြမ်းကြမ်း အချစ်ဇာတ်လမ်းပုံစံ “မီး” ရုပ်ရှင်ဇာတ်ကားကြီးမှာ ပါဝင်ထားတဲ့ အနုပညာရှင် တွေနဲ့ ပရိသတ်တွေ အမှတ်တရတွေ့ဆုံပွဲ အခမ်းအနားကို ယနေ့ ဩဂုတ် ၁၇ ရက် နံနက်ပိုင်းက ရန်ကုန်မြို့ရှိ မင်္ဂလာဝဇီရာ (လှိုင်သာယာ)၊ မင်္ဂလာ ဂမုန်းပွင့် (စံရိပ်ငြိမ်) J Cineplex Square အဆင့်မြင့် ရုပ်ရှင်ရုံကြီးတွေမှာ ကျင်းပခဲ့ပါတယ်။

အဆိုပါ ပရိသတ်တွေ အမှတ်တရတွေ့ဆုံပွဲမှာတော့ မီးရုပ်ရှင်ဇာတ်ကားကြီးမှာ ပါဝင်ထားကြတဲ့ အနုပညာရှင်တွေဖြစ်တဲ့ သရုပ်ဆောင် အကယ်ဒမီ နေဝင်း၊ အေးချမ်းမောင်၊ ပိုးမမှီသာတို့က ပရိသတ်တွေနဲ့ တွေ့ဆုံပြီး အမှတ်တရ ဓာတ်ပုံများ ရိုက်ကူးခဲ့သလို အမှတ်တရ လက်မှတ်ရေးထိုးပေးခဲ့ကြပါတယ်။

“မီး”ရုပ်ရှင်ဇာတ်ကားကြီးကိုတော့ ဖိုးဝ ရုပ်ရှင်ထုတ်လုပ်ရေးက ထုတ်လုပ်ပြီးတော့ ဒါရိုက်တာ မီးပွားက သရုပ်ဆောင် အကယ်ဒမီ နေဝင်း၊ အေးချမ်းမောင်၊ အကယ်ဒမီ ခင်ဝင့်ဝါ၊ ပိုးမမှီသာစတဲ့ အနုပညာရှင်တွေနဲ့ ရိုက်ကူးပါဝင် သရုပ်ဆောင် ထားကြပြီးတော့ ဩဂုတ် ၁၆ ရက်ကစတင်ကာ မြန်မာတစ်နိုင်ငံလုံးရှိ ရုပ်ရှင်ရုံတွေမှာ ရုံတင်ပြသနေလျက်ရှိပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post (၁၇-၈-၂၀၂၄) ရက်နေ့ ပြည်တွင်းရွှေစျေးနှင့် စက်သုံးဆီဈေးနှုန်းများ
Next post (၁၈-၈-၂၀၂၄) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်