ဘယ်အနုပညာရှင်မှ မရောင်းရဲတဲ့ MLM ကုန်ပစ္စည်းတစ်ခုကို ရောင်းနေလို့ ဝေဖန်ခံနေရတဲ့ သဲစုညိမ်း

လာမယ့်အောက်တိုဘာလမှာ ကျင်းပတော့မယ့် Miss Grand International 2024 ကို ယှဉ်ပြိုင်ဖို့အတွက် သဲစုငြိမ်းက ထိုင်းနိုင်ငံမှာ ရောက်နေပါပြီ။ သဲစုညိမ်းကို ထိုင်းမှာနေထိုင်တဲ့အလှမယ်မီးမီးက အစစအရာရာကူညီပေးနေပြီးတော့ လိုအပ်တဲ့လေ့ကျင့်မှုတွေကိုလည်း ပြုလုပ်နေပါတယ်။ ဒါပေမယ့်လည်း သဲစုညိမ်းကတော့ ဒီရက်ပိုင်းမှာ MLM ပစ္စည်းတစ်ခု ကို ရောင်းချနေတာကြောင့် ဝေဖန်ခံနေရပါတယ်။

ဆယ်လီနဲ့ အချို့သော သရုပ်ဆောင်တွေက live လွှင့်ပြီးတော့ ဈေးရောင်းတာကို ပရိသတ်တွေကလည်း လက်ခံအားပေးခဲ့ ကြပါတယ်။ ဒါပေမယ့် MLM အလှကုန်ပစ္စည်းတွေ ရောင်းတာကိုတော့ ပရိသတ်တွေက လက်မခံကြပါဘူး။ MLM ပစ္စည်း တွေက ကျန်းမာရေး ထောက်ခံချက်တွေမပါဝင်တဲ့အပြင် ဈေးလည်း ကြီးပြီး အရည်အသွေးလည်း မကောင်းတာကြောင့် မဝယ်ဖို့အတွက် အချင်းချင်းတိုက်တွန်းကြပါတယ်။

ဒါပေမယ့် သဲစုညိမ်းကတော့ Boss Koy ရောင်းတဲ့ အိမ်ထောင်သည်အမျိုးသမီးသုံးပစ္စည်းတစ်ခုကိုရောင်းချနေခဲ့တာပါ။ Boss Koy နဲ့အတူ အလှမယ်မီးမီး၊ သဲစုညိမ်းတို့က ကြော်ငြာပြီးရောင်းပေးနေတာဖြစ်လို့ အားလုံးက အံ့အားသင့်သွားခဲ့ကြပါတယ်။ သဲစုညိမ်းကို ကူညီပြီးရောင်းပေးတာကြောင့် Boss Koy က မုန့်ဖိုးတွေတောင် ပေးနေပါသေးတယ်။ အလှမယ်တစ်ယောက်က ဒီလိုဆေးတွေကို ရောင်းနေတာကြောင့် သဲစုညိမ်းက အံ့အားသင့်နေကြပါတယ်။

မြန်မာနိုင်ငံမှာ live လွှင့်ပြီးတော့ ဈေးရောင်းနေတဲ့ သရုပ်ဆောင်မင်းသမီးတွေတောင် ဒီလိုဆေးတွေကို လက်ခံပြီးတော့ မရောင်းပေးကြပါဘူး။ ဒါကြောင့် သဲစုညိမ်းက ပြိုင်ပွဲတောင် မပြိုင်ရသေးဘဲ ဝေဖန်မှုတွေကို အရင်ဆုံးခံနေရပါတယ်။ ပြိုင်ပွဲအတွက် voting တွေ လိုအပ်တယ်ဆိုပေမယ့်လည်း ဒီလိုဆေးတွေကို ရောင်းတာက အလှမယ်တစ်ယောက်ရဲ့ ပုံရိပ်ကိုလည်းကျဆင်းစေပါတယ်။

ဒါပေမယ့် သဲစုညိမ်းရဲ့အမာခံပရိသတ်တွေတော့ အားပေးထောက်ခံနေကြပြီးတော့ ရိုးရိုးသားသား ဈေးရောင်းတာဆိုပြီး ကာကွယ်ပေးနေကြပါတယ်။ MLM ပစ္စည်းတွေကို ရောင်းပေးနေတဲ့ သဲစုညိမ်းကိုတော့ အချို့တွေက Miss MLM International ဆိုပြီးတော့တောင် စနောက်နေကြပါတယ်။ မီးမီးက စီနီယာအလှမယ်ဖြစ်တာကြောင့် သဲစုညိမ်း ဒီလိုပစ္စည်းတွေကို မရောင်းဖို့ တားမြစ်မယ်လို့ ထင်ခဲ့ကြပေမယ့်လည်း မီးမီးကိုယ်တိုင်လည်း ဝင်ရောင်းနေပါသေးတယ်။

လွန်ခဲ့တဲ့နှစ်ကလည်း အလှမယ်နီနီလင်းအိမ်တစ်ယောက် သရဖူရပြီးမှ ထိုင်းမှာ ငံပြာရည်တွေရောင်းနေရလို့ ပရိသတ်တွေက စိတ်မကောင်းဖြစ်ခဲ့ကြပါတယ်။ အခုလည်း သဲစုညိမ်းက ပြိုင်ပွဲတောင်မစရသေးဘဲ ဈေးရောင်းနေရလို့ အသုံးချခံဖြစ်သွားမှာကို စိုးရိမ်နေကြပါတယ်။

သဲစုညိမ်းက ထိုင်းကို လာပြီးတော့ ယှဉ်ပြိုင်တာက မကြေပွဲကို နွှဲဖို့အတွက်ဖြစ်ပါတယ်။ Miss Grand International 2024 ပွဲကြီးကို မြန်မာနိုင်ငံမှာ ကျင်းပမယ်လို့ စီစဉ်ထားခဲ့ပေမယ့်လည်း မကျင်းပဖြစ်ဘဲ ဖျက်သိမ်းလိုက်ရပါတယ်။

ဒါကြောင့် အလှမယ်သဲစုညိမ်းက အားခဲထားသမျှ အလွဲကြီးလွဲခဲ့ရပြီး ငိုခဲ့ရပါတယ်။ မြန်မာနိုင်ငံမှာ ပွဲမကျင်းပဖြစ်ရင်တောင် သဲစုညိမ်းက winner သရဖူကို ရအောင်ကြိုးစားသွားမယ်လို့ ကြုံးဝါးထားပြီး သရဖူ winner မရရင် ရူးသွားနိုင်တယ်လို့ ပြောခဲ့သူပါ။ အဲဒါကြောင့် အချိန်ရသမျှမှာတော့ သဲစုညိမ်းကို ပရိသတ်တွေက လေ့ကျင့်တာတွေပဲ ပြုလုပ်စေချင်ကြပါတယ်

Leave a Reply

Your email address will not be published. Required fields are marked *

Previous post စက်သုံးဆီအရောင်းဆိုင်များ ဆီပြတ်လပ်မှုများဖြစ်ပေါ်နေ
Next post တရုတ်နိုင်ငံခြားရေးဝန်ကြီး နေပြည်တော် လာဖို့ရှိ