
နေပြည်တော်၌ ဆရာဝန်မိသားစုဝင် သုံးဦး အသတ်ခံရမှု CID စစ်ဆေး
နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊ ဇဝနသိဒ္ဓိရပ်ကွက်၊ မြတ်လေးလမ်းက နေအိမ်တစ်အိမ်မှာ ဩဂုတ် ၁၀ ရက်၊ နေ့လယ်ပိုင်း က ဆရာဝန် မိသားစုဝင် သုံးယောက် အသတ်ခံရမှုနဲ့ပတ်သက်ပြီး မှုခင်းရဲတပ်ဖွဲ့က (CID) က လာရောက်စစ်ဆေးခဲ့တယ်လို့ နေပြည်တော်အခြေစိုက် သဗ္ဗသုခ နာရေးကူညီမှုအသင်းက တာဝန်ရှိသူတစ် ယောက်က ပြောပါတယ်။
အသတ်ခံရတဲ့ မိသားစုဝင်သုံးယောက်ဖြစ်တဲ့ ဖခင်ဖြစ်သူ ဆရာဝန်ဟာ မီးဖိုချောင်အတွင်း၊ မိခင်ဖြစ်သူဟာ ရေချိုးခန်းအတွင်း နဲ့ သားဖြစ်သူဟာ နေအိမ်အိပ်ခန်း အိပ်ရာပေါ်မှာ ဓားထိုးသွင်းဒဏ်ရာတွေနဲ့ သေဆုံးနေကြတာ ဖြစ်တယ်လို့ ဆိုပါတယ်။ စီစီတီဗီမှတ်တမ်းတွေအရ ဩဂုတ် ၈ရက်၊ ညပိုင်းလောက်က အခင်းဖြစ်ပွားတယ်လို့ သိရပြီး ကျူးလွန်သူတွေက ကား နဲ့ ပစ္စည်းတွေ ယူဆောင်သွားတာ ရှိတယ်လို့လည်း သိရကြောင်း သဗ္ဗသုခ နာရေးကူညီမှုအသင်းက တာဝန်ရှိသူတစ် ယောက်က ပြောပါတယ်။
အခင်းဖြစ်စဉ်ကိုတော့ သက်ဆိုင်ရာ နယ်မြေခံရဲတပ်ဖွဲ့ အပြင် မှုခင်းရဲတပ်ဖွဲ့ (CID) က အရာရှိကြီးတွေလည်း လာရောက် စစ်ဆေးတာ ရှိတယ်လို့ ဆိုပါတယ်။




More Stories
ငလျင်ဘေးကြောင့် တစ်ဖက်သတ် တစ်လအပစ်ရပ်မယ်ဆိုတဲ့ ထုတ်ပြန်ချက်ကို ချိူးဖောက်လာသော အကြမ်းဖက် AA
ပြီးခဲ့တဲ့ မတ်လ ၂၈ ရက်က လှုပ်ခတ်ခဲ့တဲ့ ငလျင်ကြောင့် ဧပြီတစ်လလုံး တစ်ဖက်သတ်အပစ်ရပ်မယ်လို အကြမ်းဖက် MNDAA ၊ TNLA နဲ့ AA တို ယမန်နေ့ကတင် ကြေညာခဲ့ပေမဲ့ ဒီနေ့မနက်မှာတော့ အကြမ်းဖက် AA...
ယခုနှစ်သင်္ကြန်ကို ရိုးရာယဥ်ကျေးမှုနှင့်အညီ အေးချမ်းသာယာသောသင်္ကြန်အဖြစ် ကျင်းပသွားမည်
လက်ရှိကြုံ တွေ့နေရသော ပြင်းထန်သည့်ငလျင်ဘေးအန္တရာယ်ကြောင့် နေပြည်တော်ကောင်စီနယ်မြေ၊ စစ်ကိုင်း၊ ပဲခူး၊ မကွေး၊ မန္တလေးတိုင်းဒေသကြီး နှင့် ရှမ်းပြည်နယ် တို့အတွင်း၌ ပြည်သူအချို့ သေဆုံးဒဏ်ရာရထိခိုက်နစ်နာဆုံးရှုံးမှုများ ကြုံတွေ့နေရပါသည်။ ထိုကြောင့် တစ်နိုင်ငံလုံး ဝမ်းနည်းကြေကွဲနေရသော ကာလဖြစ်ပါသဖြင့် ယခုနှစ် မြန်မာ့ရိုးရာသင်္ကြန်ကို...
နစကဥက္ကဋ္ဌ ထံသို့ ငလျင်ဘေးနှင့် ပတ်သက်ပြီး ဝမ်းနည်းကြောင်း သဝဏ်လွှာများ ပေးပို့ခဲ့ကြတဲ့ နိုင်ငံ့ခေါင်းဆောင်များ
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံအတွင်း မတ်လ ၂၈ ရက်နေ့ ဒေသစံတော်ချိန် ၁၂ နာရီ ၅၂ မိနစ်က ရစ်ချာစကေး ၇.၇ ရှိသော အင်အားပြင်းငလျင်ကြောင့် ထိခိုက်ပျက်စီးမှုများ၊ အသက်ဆုံးရှုံးမှုများနှင့် ထိခိုက်ဒဏ်ရာရရှိမှုများ အမြောက်အများဖြစ်ပေါ်ခဲ့သည်။ ၄င်းဖြစ်ပေါ်ခဲ့ခြင်းအတွက် နိုင်ငံအသီးသီးမှ နိုင်ငံ့ခေါင်းဆောင်များဖြစ်သော...
ယနေ့ မတ်လ (၃၁)မှစ၍ ဧပြီ (၆)ရက်အထိ (၇)ရက်တာအား နိုင်ငံတော်အဆင့်ဝမ်းနည်းခြင်း အထိမ်းအမှတ်နေ့ရက်အဖြစ်သတ်မှတ်
နစကဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်လက်မှတ်ရေးထိုး၍ ယနေ့ မတ် ၃၁ ရက်မှစ၍ ဧပြီ ၆ ရက်အထိ (၇)ရက်တာအား နိုင်ငံတော်အဆင့်ဝမ်းနည်းခြင်းအထိမ်းအမှတ်နေ့ရက်အဖြစ်သတ်မှတ်ခဲ့ကြောင်း သိရသည်။ အလွန်ပြင်းထန်သည့် မြေငလျင်လှုပ်ခတ်ခဲ့မှုကြောင့် အသက်ဆုံးရှုံးမှုများနှင့် ပျက်စီးဆုံးရှုံးခဲ့ရမှုများတွက် စာနာနားလည်မှုများနှင့်အတူ ထပ်တူခံစားလျက် နိုင်ငံတော်အဆင့်ဝမ်းနည်းခြင်းအထိမ်းအမှတ်နေ့ရက်အဖြစ်...
အင်အားပြင်းငလျင်ဒဏ်ခံ မြန်မာပြည်သူများအတွက် မလေးရှားနိုင်ငံက ရင်းဂစ် ၁၀ သန်းတန်ဖိုးရှိ အကူအညီများ ပေးအပ်မည်
မလေးရှားနိုင်ငံသည် မြန်မာနိုင်ငံမှ အင်အားပြင်း ငလျင်ဒဏ်ခံစားခဲ့ရသူများအတွက် ရင်းဂစ် ၁၀ သန်း တန်ဖိုးရှိ အကူအညီများ ပေးအပ်မည်ဟု ဝန်ကြီးချုပ် ဒါတွတ်ဆယ်ရီ အန်ဝါ အီဗရာဟင်က ပြောကြားခဲ့သည်။ငလျင်သည် ကြီးမားသော ပျက်စီးဆုံးရှုံးမှုများကို ဖြစ်ပေါ်စေခဲ့ပြီး အာဆီယံဥက္ကဋ္ဌအနေဖြင့် မလေးရှားနိုင်ငံသည်...
နစကဉက္ကဋ္ဌ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ငလျင်ဒဏ်သင့်နေရာများအား သွားရောက်ကြည့်ရှုစစ်ဆေး
မတ် ၂၈ ရက်နေ့တွင်ဖြစ်ပေါ်ခဲ့သည့် အင်အားအလွန်ပြင်းထန်သော မြေငလျင်နှင့် နောက်ဆက်တွဲငလျင်ငယ်များ လှုပ်ရှားမှုကြောင့် စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်း ဒေသကြီး၊ မကွေးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်အရှေ့မြောက်ဒေသ၊ နေပြည်တော် ကောင်စီနယ်မြေ၊ ပဲခူးတိုင်းဒေသကြီးတို့၌ ငလျင်ဒဏ်သင့်ခဲ့ရပြီး လမ်းတံတား၊ အဆောက်အဦများ ထိခိုက်ပျက်စီးခဲ့ရကာ ပြည်သူအချို့...