(၁၂-၈-၂၀၂၄) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်

(၁၂-၈-၂၀၂၄) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်ကို ဖော်ပြပေးလိုက်ပါတယ်။

ပြည်တွင်းသတင်းများ

၁။ မန္တလေးမြိုပေါ်တွင် စက်သုံးဆီပြတ်လပ်မှုမရှိစေရေး အရောင်းဆိုင်များအတွက် Special အစီအစဉ်၊ Urgent အစီအစဉ်များဖြင့် ဆောင်ရွက်နေ

၂။ လက်ရှိပဋိပက္ခအတွင်း နိုင်ငံနှင့်အဝှမ်း စီးပွားရေး၊ လူမှုရေးမှစ၍ အထွေထွေ အကြပ်အတည်းများ ပိုမိုဆိုးရွားလာနေသည်ကို တွေ့မြင်နေရကြောင်း PPP ပါတီထုတ်ပြန်

၃။ NUGGETS Viber Group အား တည်ဆဲဥပဒေများနှင့်အညီ အရေးယူမည်ဟု ဗဟိုဘဏ်ထပ်ကြေညာ

၄။ ပြည်တွင်း၌ စစ်ဘောင်ပိုမိုကျယ်ပြန့်လာနေသည့်ကိစ္စတွင် တရုတ်ကအဓိကကျဟု PNLO နာယက သုံးသပ်

၅။ တော်လှန်ရေး ဗန်းပြရင်း လုပ်စားကြသူတွေက နာရေးကူငွေကိုပါ ကျန်ရစ်သူ ဇနီးထံမပေးလို မီဒီယာဆီ အကူအညီတောင်းခံလာတယ်ဆိုတဲ့ ဟားငါးကောင် အဖွဲဝင် ဝိုင်းကျော်ရဲ့ဇနီး

၆။ Mndaa သောင်းကျန်းသူ အဖွဲကလားရှိးမြိုအတွင်း တစ်အိမ်တစ်ယောက်လူသစ် စုဆောင်းလျှက် ရှိ

၇။ နွေဦးတော်လှန်ရေးသုံးနှစ်အတွင်း KNDF တပ်ဖွဲဝင် ၄၀၀ နီးပါး သေဆုံး

၈။ ဩဂုတ်လ ၁၁ ရက်နေ့ ငွေလဲလှယ်နှုန်း၊ ရွှေဈေးနှုန်းနှင့် စက်သုံးဆီဈေးနှုန်းများမှာ ရွှေ ၁၆ ပဲရည် တစ်ကျပ်သား ၄,၆၈၉,၂၀၄ ကျပ်၊ ဒေါ်လာစျေးနှုန်း အဝယ် ၂၁၀၀ ကျပ်၊ အရောင်း ၂၁၀၀ ကျပ်၊ Octane 92 – ၂၇၅၀ ကျပ်၊ Octane 95 – ၂၈၉၀ ကျပ်၊ Diesel – ၂၄၅၀ ကျပ်၊ Premium Diesel – ၂၉၄၅ကျပ်

နိုင်ငံတကာသတင်းများ

၁။ ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ်ဟောင်း ဟာစီနာကသူမ ရာထူးမှ ဖြုတ်ချခံရခြင်းသည် အမေရိကန်လက်ချက်ဖြစ်ကြောင်း အတည်ပြုပြောကြား

၂။ ဘင်္ဂလားဒေ့ရှ် အရာရှိများကို အရေးယူပိတ်ဆိုရန် အမေရိကန်အမတ်တချို တိုက်တွန်း

၃။ ဘင်္ဂလားဒေ့ရှ်ဆန္ဒပြပွဲများ၏ နောက်ဆက်တွဲဂယက်များကြောင့် တရားသူကြီးချုပ်နှင့် ဗဟိုဘဏ်အကြီးအကဲတို ရာထူးမှ နှုတ်ထွက်

၄။ ဂျပန်ကာကွယ်ရေးဝန်ကြီးဌာနဟာ နောက်ဆုံးပေါ်နည်းပညာသုံး ကာကွယ်ရေးပစ္စည်းတွေ တီထွင်ဖို သုတေသနဌာနသစ် ဖွင့်မယ်

၅။ မြောက်ကိုရီးယားက အမှိက်အိတ်များပါရှိသည့် မိုးပျံပူဖောင်းများကို တောင်ကိုရီးယားနိုင်ငံအတွင်းသို ထပ်မံလွှတ်တင်

၆။ Mpox ရောဂါနှင့်ပတ်သက်၍ WHO ၏ အရေးပေါ်ကော်မတီက သြဂုတ် ၁၄ ရက်တွင် အစည်းအဝေးတစ်ရပ် ပြုလုပ်မည်

အားကစားသတင်းများ

၁။ ကမ္ဘောဒီးယားလိဂ် အဖွင့်ပွဲစဉ်တွင်လက်ရွေးစင် တောင်ပံကစားသမား သီဟဇော် နာဂါဝေါအသင်းအတွက် အနိုင်ဂိုးသွင်းယူ

၂။ မွန်လူမျိုး ဆောက်လုပ်ရေးလုပ်သားကနီဂရိုး ထိုင်းဖိုက်တာကို ပထမအချီတွင် အလဲထိုးဖြင့် အနိုင်ရရှိ

၃။ (၅၆)ကြိမ်မြောက် အာရှကိုယ်ကာယပြိုင်ပွဲတွင် မြန်မာ ရွှေတံဆိပ်(၂)ခုနှင့် ငွေတံဆိပ်တစ်ခု ဆွတ်ခူး

၄။ အမျိုးသမီးဘောလုံးပြိုင်ပွဲ ပွဲစဉ် (၁၂) အပြီး ISPE အသင်း ရမှတ်အများဆုံးဖြင့် ထိပ်ဆုံး၌ ဆက်လက်ရပ်တည်နေ

၅။ ၂၀၂၄ ပဲရစ်အိုလံပစ်ပွဲတော်ရဲ့ ဩဂုတ်လ ၁၁ ရက်နေ့မှာ တရုတ်ပြည်သူ့သမ္မတနိုင်ငံက ရွှေတံဆိပ် ၃၉ခုနဲ့ ထိပ်ဆုံးကပြန်လည်ဉီးဆောင်

အနုပညာသတင်းများ

၁။ Date With Me လာပြိုင်သူအကုန်လုံးက ကျွန်တော့်အတွက် Winner ပါပဲဆိုတဲ့ အေးချမ်းမောင်

၂။ အသက် ၃၆ နှစ်ပြည့် မွေးနေ့ကို ကုသိုလ်တွေနဲ့ဖြတ်သန်းခဲ့တဲ့ ဝတ်မှုန်ရွှေရည်

၃။ မင်းသားဦးဆောင်ဇာတ်မို ကိုယ်တွေက ပြုသမျှနုရတာပေါ့ဆိုတဲ့ ခင်ဝင့်ဝါ ၊ ပိုးမမှီသာ

Leave a Reply

Your email address will not be published. Required fields are marked *

Previous post နေပြည်တော်၌ ဆရာဝန်မိသားစုဝင် သုံးဦး အသတ်ခံရမှု CID စစ်ဆေး
Next post မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီးအဖြစ် အမျိုးသမီး သံအမတ်ကြီးတစ်ဦးကို တရုတ်နိုင်ငံကအဆိုပြု