(၈-၈-၂၀၂၄) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်

(၈-၈-၂၀၂၄) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်ကို ဖော်ပြပေးလိုက်ပါတယ်။

ပြည်တွင်းသတင်းများ

၁။ အစုအဖွဲများဖြင့် တစ်ဦးနှင့်တစ်ဦးအပြန်အလှန်ကူညီကာ ဆောင်ရွက်သည့် သမဝါယမစနစ်ဖြင့်စိုက်ပျိုးရေးကို ဆောင်ရွက်ခြင်းသည် အသင့်လျော်ဆုံးဖြစ်သည်ဟု နစကဥက္ကဌပြော

၂။ ရွေးကောက်ပွဲကျင်းပနိုင်ရေးထိုင်းနိုင်ငံအနေဖြင့် ကူညီဆောင်ရွက်ပေးနိုင်မည့် အခြေအနေများအား ဆွေးနွေး

၃။ မြန်မာ၏ သန်းခေါင်စာရင်း ကောက်ယူမှုလုပ်ငန်းစဉ်တွင် ထိုင်းက ပံ့ပိုးကူညီနိုင်ရေး နှစ်နိုင်ငံဆွေးနွေး

၄။ လားရှိးမြိုနှင့် အခြားနေရာများမှ တရုတ်နိုင်ငံသားများအနေဖြင့် ပဋိပက္ခဇုန်များနှင့် ဝေးကွာသောနေရာ သိုမဟုတ် နေရပ်သို ပြောင်းရွှေ့နေထိုင်ရန် တရုတ်သံရုံး သတိပေးချက်ထုတ်ပြန်

၅။ ကျောက်ဖြူ SEZ နိုဝင်ဘာတွင် စတင်နိုင်ရန် တရုတ်ဘက်က ဆန္ဒပြင်းပြနေ

၆။ နေပြည်တော်ကောင်စီနယ်မြေအတွင်း MNDAA ကိုးကန့် တရုတ်လက်နက်ကိုင်များနှင့် ပူးပေါင်းအဖွဲများ၏ လူမဆန်သော ရက်စက်ယုတ်မာမှုများအပေါ် လူထောင်နှင့်ချီ၍ ကန့်ကွက်ရှုတ်ချ

၇။ မြဝတီမြိုတွင် အမျိုးသမီးငယ် တစ်ဦး အဓမ္မပြုကျင့်သတ်ဖြတ်ခံရ

၈။ ဩဂုတ်လ ၇ ရက်နေ့ ငွေလဲလှယ်နှုန်း၊ ရွှေဈေးနှုန်းနှင့် စက်သုံးဆီဈေးနှုန်းများမှာ ရွှေ ၁၆ ပဲရည် တစ်ကျပ်သား ၄,၆၅၅,၈၁၃ ကျပ်၊ ဒေါ်လာစျေးနှုန်း အဝယ် ၂၁၀၀ ကျပ်၊ အရောင်း ၂၁၀၀ ကျပ်၊ Octane 92 – ၂၇၇၀ ကျပ်၊ Octane 95 – ၂၈၉၅ ကျပ်၊ Diesel – ၂၄၅၀ ကျပ်၊ Premium Diesel – ၂၉၂၀ ကျပ်

နိုင်ငံတကာသတင်းများ

၁။ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ ကြားဖြတ်အစိုးရကို နိုဘယ်လ်ဆုရှင် မိုဟာမက်ယူနွတ်စ် ဦးဆောင်သွားမည်

၂။ ပစိဖိတ်ဒေသကာကွယ်ရေးအစီအစဉ်အတွက် သြစတေးလျပိုင်ကျွန်းမှာ စစ်စခန်းဆောက်ဖို အမေရိကန် စဉ်းစားနေ

၃။ အီရန်ဒုံးကျည်တွေရွှေ့ပြောင်းပြီး စစ်ရေးလေ့ကျင့်နေမှု အစ္စရေးကို တိုက်ခိုက်လာနိုင်ဖွယ်ရှိဟုဆို

၄။ အစ္စရေးကို ကာကွယ်ဖို အရှေ့အလယ်ပိုင်းဒေသကို အမေရိကန်က ဂျက်တိုက်လေယာဉ်တွေ စေလွှတ်နေ

၅။ မြောက်ကိုရီးယားနိုင်ငံတဝှမ်း လုံခြုံရေးဆိုင်ရာ အခြေခံပြောင်းလဲမှုများပြုလုပ်ထားကြောင်း ကင်ဂျုံအန်ဆို

၆။ ထရမ့်က အီလွန်မတ်စ် အား လာမည့်အပတ်တွင် အင်တာဗျူးခွင့်ပေးမည်

အားကစားသတင်းများ

၁။ Patong Fight Night မွေထိုင်းချန်ပီယံခါးပတ်လုပွဲတွင် ရိုးရာဖိုက်တာ စောထူးအောင် ယှဉ်ပြိုင်ထိုးသ-တ်မည်

၂။ ကမ္ဘာကျော်ဘောလုံးသမား မက်ဆီရဲ့ အိမ်ကို ရာသီဥတုအရေးတက်ကြွလှုပ်ရှားသူတွေက မှုတ်ဆေးနဲ့ ဖျန်းမှုတ်

၃။ ဗြိတိန် ရေကူးအကျော်အမော်က အိုလံပစ်ရွာမှာ ကျွေးမွေးတဲ့အစားအသောက်တွေမှာ ပိုးကောင်၊ သန်ကောင်တွေ တွေ့ရတယ်လို စွပ်စွဲပြောကြား

၄။ အယ်လ်ဗာရက်ဇ်ကို ပေါင် ၈၁ သန်းနှင့် အက်သလက်တီကိုဆီ ရောင်းချရန် မန်စီးတီး သဘောတူ

၅။ မန်စီးတီးနဲ့ပွဲစဉ်အတွက် ပြင်ဆင်မှုတွေပြုလုပ်နေတဲ့ ယူနိုက်တက်အသင်း

အနုပညာသတင်းများ

၁။ မောင်…လို့မခေါ်ဖူးလို့ ချမ်းမင်းရဲထွဋ်ကို မောင်လို့ခေါ်ဖို့ တော်တော်ကြိုးစားခဲ့ရတဲ့ ပိုးမမှီသာ

၂။ အပြင်းစားအချစ်က လူမင်းနဲ့သက်မွန်မြင့်ကို လွမ်းနေကြတဲ့သူတွေအတွက် အလွမ်းပြေစေမှာပါဆိုတဲ့ ဒါရိုက်တာဇမ္ဗူထွန်းသက်လွင်

၃။ မျက်နှာ ဇီးရွက်လောက်နဲ့ ရာဇာနေဝင်း ဆံပင်ကေ အရှက်မရှိညှပ်ဖြစ်ခဲ့တဲ့အကြောင်း ပြောပြလာတဲ့ ခင်လှိုင်

Leave a Reply

Your email address will not be published. Required fields are marked *

Previous post အန်နယားပန်ဒေးလည်း ရည်းစားသစ် ရပြီ
Next post ပို့ကုန်ရငွေ၏ ၇၅ ရာခိုင်နှုန်းအထိ ပြင်ပတွင် လွတ်လပ်စွာ ရောင်းဝယ်နိုင်ပြီ