ပို့ကုန်ရငွေ၏ ၇၅ ရာခိုင်နှုန်းအထိ ပြင်ပတွင် လွတ်လပ်စွာ ရောင်းဝယ်နိုင်ပြီ

ပို့ကုန်လုပ်ငန်းရှင်များအနေဖြင့် ဩဂုတ်လ ၈ ရက် ယနေ့ မှစတင်၍ ပိုကုန်ရငွေ၏ ၂၅ ရာခိုင်နှုန်းကိုသာ ဗဟိုဘဏ်၏ သတ်မှတ်ရည်ညွှန်းဈေးနှုန်း တစ်ဒေါ်လာ ကျပ် ၂၁၀၀ ဖြင့် ရောင်းချရန် မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ယမန်နေ့က အသိပေးကြေညာခဲ့သည်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် ပို့ကုန်တင်ပို့သူများ ပို့ကုန်တင်ပို့ခြင်းမှရရှိသည့် ပို့ကုန်ရငွေပမာဏ၏ ၃၅ ရာခိုင်နှုန်းကို မြန်မာနိုင်ငံတော်ဗဟိုဘဏ် အမိန့်ကြော်ငြာစာအမှတ် (၁၂/၂၀၂၂) ပါ သတ်မှတ်ညွှန်ကြားချက်အတိုင်း မြန်မာကျပ်ငွေဖြင့် လဲလှယ်ဆောင်ရွက်ရန် (၆-၁၂- ၂၀၂၃) ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် (၂၆/၂၀၂၃) ဖြင့် ပြင်ဆင်သတ်မှတ်ခဲ့သည်။

ထိုနောက် ပို့ကုန်တင်ပိုသူများအနေဖြင့် ပို့ကုန်တင်ပိုခြင်းမှရရှိသည့် ပို့ကုန်ရငွေပမာဏ၏ ၃၅ ရာခိုင်နှုန်းအစား ၂၅ ရာခိုင်နှုန်းကိုသာ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ အမိန့်ကြော်ငြာစာအမှတ် (၁၂/၂၀၂၂) ပါ သတ်မှတ်ညွှန်ကြားချက်များ အတိုင်း မြန်မာကျပ်ငွေဖြင့် လဲလှယ်ဆောင်ရွက်ရန်ဖြစ်ကြောင်း လျှော့ချ ပြင်ဆင်သတ်မှတ်ခဲ့သည်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဥပဒေ ပုဒ်မ ၄၉၊ ပုဒ်မခွဲ (ခ) အရ အပ်နှင်းထားသော လုပ်ပိုင်ခွင့်ကို ကျင့်သုံး၍ အထက်ပါ ပြင်ဆင်ချက်အမိန့်ကြောငြာ်စာအား ထုတ်ပြန်လိုက်ခြင်းဖြစ်ပြီး ၂၀၂၄ ခုနှစ်၊ ဩဂုတ်လ ၈ ရက်မှ စတင်၍ အကျိုးသက်ရောက်စေရမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post (၈-၈-၂၀၂၄) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်
Next post ရှမ်းမြောက် စစ်ရေးတင်းမာနေချိန် တရုတ်အထူး ကိုယ်စားလှယ် မြန်မာပြည်လာ