စစ်သွေးကြွ MNDAA နှင့် ပူးပေါင်းအဖွဲ့များ၏ ရက်စက် ယုတ်မာမှုအား ကန့်ကွက်ရှုတ်ချပွဲ နေပြည်တော်တွင် ပြုလုပ်

စစ်သွေးကြွ MNDAA နှင့် ပူးပေါင်းအဖွဲ့များ၏ ရက်စက်ယုတ်မာမှုများအား ကန့်ကွက်ရှုတ်ချပွဲကို နေပြည်တော်တွင် ပြုလုပ်ခဲ့သည်။ ယနေ့ ဩဂုတ်လ (၆)ရက် နေ့ခင်း (၁)နာရီအချိန်က ဇမ္ဗူသီရိမြို့နယ်၊ မြို့တော်ခန်းမရှေ့၊ ဂိတ် (၁)အနီးရှိ ပျဉ်းမနား- တောင်ညိုလမ်းမပေါ်တွင် အဆိုပါ ကန့်ကွက်ရှုတ်ချပွဲအား ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

ယင်းကန့်ကွက်ရှုတ်ချပွဲကို လယ်ဝေးမြို့နယ်၊ အောင်ကုန်းကျေးရွာအုပ်စု၊ အောင်းကုန်းကျေးရွာ ရှေးဟောင်းဘုန်းကြီးကျောင်း ဆရာတော် ဘဒ္ဒန္တပညာသာမိ(ယခင်မဘသ၊ ဗုဒ္ဓဓမ္မပရဟိတဖောင်ဒေးရှင်း၊ မြို့နယ်ပြန်ကြားရေးတာဝန်ခံ)နှင့် အမျိုးသားရေး တက်ကြွလှုပ်ရှားသူ မြန်မာ့အမျိုးသားရေးကွန်ရက်မှ အထွေထွေ အတွင်းရေးမှူး နောင်တော်လေး(Myanmar National Post)တို့မှ ဦးဆောင်၍ ကျင်းပခဲ့ခြင်း ဖြစ်သည်။

၎င်းစစ်သွေးကြွ MNDAA ပူးပေါင်းအဖွဲ့များ၏ ရက်စက်ယုတ်မာမှုများအား ကန့်ကွက်ရှုတ်ချပွဲတွင် အမျိုးသားရေး တက်ကြွ လှုပ်ရှားသူများဖြစ်သည့် ကိုနောင်တော်လေး၊ ကိုဇော်ဖုန်းဟိန်း၊ ဦးစံဝင်းတို့မှ ဟောပြောခဲ့ကြပြီး အမျိုးသားရေး တက်ကြွ လှုပ်ရှားသူ အင်အား ထောင်နှင့်ချီ တက်ရောက်စုဝေးခဲ့ကြသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post ဘွတ်စိန်ဘုရွာအုပ်ချုပ်ရေးမှူးအား အုတ်ဖို PDF အဖွဲ့က သေနတ်ကျည် ၁၂ ချက်ဖြင့် ပစ်သတ်
Next post (၆-၈-၂၀၂၄) ရက်နေ့ ပြည်တွင်း ရွှေစျေး၊ နိုင်ငံခြား ငွေလဲလှယ်နှုန်း နှင့် စက်သုံးဆီဈေးနှုန်းများ