ပြည်ထဲရေးဒုဝန်ကြီးနှင့် ရဲချုပ်တာဝန်ယူထားသည့် ဒုတိယဗိုလ်ချုပ်ကြီး နီလင်းအောင်အား စစ်ဘက်မူလ တာဝန်များ ပြန်ထမ်းဆောင်ရန် နစက ထုတ်ပြန်

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ဖွဲစည်းပုံအခြေခံဥပဒေပုဒ်မ ၄၁၉ အရ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးအဖြစ် ခန့်အပ်ပြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ရဲချုပ်တာဝန်ကို ပူးတွဲတာဝန် ပေးအပ်ထားသည့် ဒုတိယဗိုလ်ချုပ်ကြီး နီလင်းအောင် အား စစ်ဘက်မူလတာဝန်များ ပြန်လည် ထမ်းဆောင်စေလိုက်သည်ဟု ယနေ့ ထုတ်ပြန်ထားသည်။

ဒုတိယဗိုလ်ချုပ်ကြီး နီလင်းအောင်သည် စစ်တက္ကသိုလ်အပတ်စဉ် (၃၇) ဆင်းဖြစ်ပြီး အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊ အ‌ရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်၊ တြိဂံဒေသတိုင်းစစ်ဌာနချုပ်တို့တွင် တိုင်းမှူးအဖြစ် တာဝန်များထမ်းဆောင်ခဲ့ဖူးကြောင်း သိရသည်။

ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် ဇူလိုင်လအတွင်း ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့် ရဲချုပ်တာဝန်များကို ပူးတွဲခန့်အပ်ခံရခြင်း ဖြစ်ပြီး ၂၀၂၄ ခုနှစ် ဩဂုတ် ၃ ရက်တွင် မူလစစ်ဘက်တာဝန်များ ပြန်လည်ထမ်းဆောင်စေခဲ့ခြင်းဖြစ်သည်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post ၃၄ နှစ်ပြည့်မွေးနေ့ကို ချစ်ရသူတွေနဲ့ ဖြတ်သန်းခဲ့တဲ့ စွမ်း
Next post (၄-၈-၂၀၂၄) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်